OPPO ဟာ ဒီလ ၂၄ ရက်နေ့ တရုတ်မှာ Find X5, X5 Pro နဲ့ X5 Pro Dimensity Ediiton ကို ကြေညာတော့မှာပါ။ ဒါ့အပြင် အဲဒီပွဲမှာ Enco X2 နဲ့ OPPO Pad တို့ကိုပါ ချပြဖို့ စီစဉ်ထားပါတယ်။ OPPO Pad ဟာ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက် ဖြစ်ပြီး အခုတော့ နာမည်ကျော် Tipster Digital Chat Station က မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ တက်ဘလက်ရဲ့ Specs တွေကို မျှဝေလိုက်ပါတယ်။

OPPO Pad: The first official images of the brand's first tablet arrive -  Gearrice

OPPO Pad မှာ ၁၀.၉၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Resolution က 2560x1600p ဖြစ်ပါတယ်။ 10-bit Colors နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး ဓါတ်ပုံအရ မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာမှာပါ။

Snapdragon 870 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB/8GB RAM Version တွေထုတ်လုပ်ထားမှာ ဖြစ်ကာ Storage က 256GB ဖြစ်ပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 8,360mAh ဘက်ထရီ ပါလာမှာပါ။

ကင်မရာတွေအကြောင်းပြောရရင် အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Dolby Atmos နည်းပညာ ပါတဲ့ စပီကာ ၄ လုံး ထည့်သွင်းထားမှာပါ။ 4096 Pressure Sensitivity Level ထောက်ပံ့တဲ့ ဒစ်ဂျစ်တယ် ဘောပင် ပါလာမှာ ဖြစ်ပြီး WiFi 6 2×2 MIMO ဆက်သွယ်မှုကို သုံးနိုင်မှာပါ။

ဒီတစ်ပတ် အစောပိုင်းက ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ အနက်၊ ခရမ်းနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး အနက်နဲ့ ခရမ်းရောင် မော်ဒယ်တွေရဲ့ ကင်မရာအောက်မှာ OPPO Pad Branding ပါလာပါတယ်။

Ref : gizmochina