OPPO Reno11 5G ကို မြန်မာနိုင်ငံတစ်ဝန်းမှာ ၁,၄၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူပြီး လက်ဆောင်အနေနဲ့ 20000 mAh Power Bank ကို ရယူနိုင်ပါပြီ။

OPPO ဟာ “The Portrait Expert” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရောက်ရှိလာတဲ့ OPPO Reno11 5G ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Official Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၁,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ OPPO Reno 11 5G ကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ဝယ်ယူရနိုင်ပြီဖြစ်ပြီး Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno11 5G ဝယ်ယူသူတွေကို OPPO ကနေ လက်ဆောင် အနေနဲ့ ၅၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ 20000 mAh Power Bank ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Optical Zoom နဲ့အတူ ပြောင်းလဲမြှင့်တင်လိုက်တဲ့ Camera

OPPO Reno Series တွေရဲ့ အဓိက အားသာချက်ကတော့ Portriat ပဲ ဖြစ်ပါတယ်။ အသစ်ပြောင်းလဲမြှင့်တင်လိုက်တဲ့ OPPO Reno11 5G ရဲ့ Camera ပိုင်းမှာဆိုရင် Portrait Camera အနေနဲ့ 2x Telephoto Zoom Portrait ကိုမှ ယခင်လို Software ပိုင်းဆိုင်ရာ Digital Zoom မဟုတ်တော့ဘဲ Hardware ပိုင်းအားဖြင့် အဆင့်မြှင့်တင်ထားတဲ့ Optical Zoom ပါဝင်လာတာကြောင့် Studio Quality Portrait အရည်အသွေးကို ရရှိလာခဲ့ပြီဖြစ်ပါတယ်။ သာမန် DSLR ကင်မရာတစ်လုံးအတွက် Portrait ပုံရိပ်တွေရိုက်ကူးတဲ့အခါ Focal Length 50 mm က အလှဆုံးပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ Focal Length အဖြစ် သတ်မှတ်ခံထားရချိန်မှာ OPPO Reno11 5G ရဲ့ Portrait Camera Lens ဟာ 47 mm focal length ပါရှိတာကြောင့် DSLR နီးပါး အရည်အသွေးကောင်းမွန်လာတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno11 5G ရဲ့ Camera မှာဆိုရင် Triple Camera Setup အနေနဲ့ OIS ပါဝင်တဲ့ 50MP Sony LYT600 Main Camera၊ Sony IMX709 Flagship Sensor ပါဝင်တဲ့ 32MP Telephoto Portrait Camera၊ 8MP Sony IMX355 Ultrawide Camera ဆိုတဲ့ Camera ၃လုံးအပြင် 32MP Sony OV32C Front Camera ပါ ထပ်မံပါရှိလာပါတယ်။ ဒါကြောင့် OPPO Reno11 5G ဟာ ဈေးနှုန်းတူ ဖုန်းများအကြား 2x Optical Zoom ပါဝင်ပြီး Sony Sensor သီးသန့်သာ အသုံးပြုထားတဲ့ ဖုန်းတစ်လုံး ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

ဆန်းသစ်လှပတဲ့ သဘာဝဆန်ဆန် ဒီဇိုင်း

OPPO Reno11 5G အနေနဲ့ နောက်ထပ် ထူးခြားနေတာက သူ့ရဲ့ ဒီဇိုင်း နဲ့ အရောင်ပါ။ အရောင်အနေနဲ့ Wave Green နဲ့ Rock Grey ဆိုပြီး နှစ်ရောင်ရှိပြီး ကျောဘက်ဒီဇိုင်း နှစ်ခုလုံးအတွက် သဘာဝဆန်ပြီး ပေါ့ပါးလှတဲ့ အသွင်ကို အထူးဖန်တီးထုတ်လုပ်ထားပါတယ်။ Screen အခုံးကိုမှ အသုံးပြုချင်သူတွေအတွက် 56 Degree ကွေးထားတဲ့ မျက်နှာပြင်နဲ့အတူ 3D curved design က အသုံးပြုသူတွေအတွက် ပိုပြီး အဆင်မြင့်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။ 120 Hz AMOLED Display နဲ့အတူ အလေးချိန်အားဖြင့် 182 g ရှိတာကြောင့် လက်ထဲမှာ ကိုင်ရတာ သိသိသာသာ ပေါ့ပါးနေမှာ ဖြစ်ပါတယ်။

ထူးခြားဆန်းသစ်တဲ့ Feature တွေပါဝင်လာတဲ့ Color OS 14

OPPO Reno11 Series 5G မှာဆိုရင် Color OS 14 ပါဝင်လာတာကြောင့် အရင် Reno Series တွေနဲ့မတူဘဲ အသုံးပြုရတဲ့သူတွေအနေနဲ့ တစ်မူထူးခြားစွာ သွက်လက်လွယ်ကူချောမွေ့လာမှာ ဖြစ်ပါတယ်။ Color OS 14 ကို Aqua Dynamics Feature ပေါ်မူတည်ပြီး ဖန်တီးထားတာ ဖြစ်တာကြောင့် Color OS 14 ရဲ့ Interaction တွေ ဖြစ်တဲ့ Bubbles၊ Capsules နဲ့ Panels တို့ကို ကြည့်လိုက်မယ်ဆိုရင် Aqua Dynamics Feature နဲ့ပဲ မြင်တွေ့နေရမှာ ဖြစ်ပြီး Notification နောက်ကျမှုတွေကနေလဲ ကင်းဝေးစေပါတယ်။ Color OS 14 မှာ ပါဝင်တဲ့ Smart Image Matting Feature ဟာဆိုရင် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတစ်ပုံရိုက်ပြီးတာနဲ့ အဆိုပါ ဓာတ်ပုံထဲမှာ ရှိတဲ့ လူ၊ အရာဝတ္ထု၊ တိရစ္ဆာန် တွေကို သီးသန့်ဖြတ်ယူပြီး File Dock ဆိုတဲ့ ဖိုင်ထဲမှာ အလွယ်တကူသိမ်းထားကာ လိုအပ်တဲ့အချိန်မှ ပြန်လည် အသုံးပြုလို့ရတဲ့ စနစ်တွေ ထူးခြားစွာ ပါဝင်လာတာ ဖြစ်ပါတယ်။ File Dock ထဲမှာ သိမ်းဆည်းထားသမျှ ဖိုင်တွေ အားလုံးကလဲ မိမိကိုယ်တိုင် မဖျက်မိသရွေ့ အမြဲတမ်းရှိနေမှာမို့ ရေရှည်မှာ အလွယ်တကူပြန်လည်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Account ရှိထားတဲ့ အသုံးပြုသူတွေအနေနဲ့လဲ Laptop သို့မဟုတ် Tablet မှာ OPPO Account ကို Log in ဝင်ထားရုံနဲ့ File Dock ထဲမှာ Save ထားတဲ့ ဓာတ်ပုံ နဲ့ စာတွေကို smart touch နဲ့ အလွယ်တကူ ရွှေ့လို့ ရသေးတာမို့ OPPO အသုံးပြုသူတွေအတွက် အဆင်ပြေချောမွေ့စေပါတယ်။ Trinity Engine ကလဲ ဖုန်းထဲမှာ မလိုအပ်ဘဲ ထပ်နေတဲ့ ဓာတ်ပုံ နဲ့ ဖိုင်တွေကို Third Party Application မလိုဘဲ ဖျက်ပေးတဲ့အတွက် Storage များစွာကို လုံခြုံစိတ်ချစွာ သိမ်းဆည်းစေနိုင်ပြီး အသုံးပြုရတာ လွယ်ကူမြန်ဆန် ထိရောက်စေမှာ ဖြစ်ပါတယ်။

သွက်လက်လျင်မြန်လှတဲ့ စွမ်းဆောင်ရည်

OPPO Reno11 5G မှာဆိုရင် MediaTek Dimensity 7050 Chipset တပ်ဆင်ပေးထားပြီး RAM expansion 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။ ကြီးမားတဲ့ ဘက်ထရီ 5000 mAh ပါဝင်ပြီး 67W SUPERVOOC အမြန်အားသွင်းစနစ်ကြောင့် အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းနိုင်စေမှာဖြစ်သလို အချိန် မိနစ် ၃၀ လောက်ပေးပြီး အားသွင်းလိုက်ရုံနဲ့ ဖုန်းအားကို ၈၅ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။ ဒါတင်သာမက Android 14 System နဲ့ Color OS 14 လုပ်ဆောင်ချက်တွေကြေင့် သွက်လက်ပေါ့ပါးတဲ့ သုံးစွဲမှု အတွေ့အကြုံကို ရရှိစေပြီး ဘက်ထရီ အနေနဲ့လည်း 4 Years Durability ပါဝင်တဲ့အတွက် အကြိမ် ၁၄၆၀ အထိအသုံးပြုပြီးတာတောင် ဘက်ထရီရဲ့ ၈၀ ရာခိုင်နှုန်းအထိ သက်တမ်း ကျန်နေမှာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ Entertainment အတွေ့အကြုံကို ခံစားရရှိစေမယ့် လုပ်ဆောင်ချက်များ

OPPO Reno11 5G မှာဆိုရင် Entertainment Experience ကို ခံစားရရှိစေမယ့် IR Remote Control , Dual Stereo Speaker တို့ ပါဝင်လာပါတယ်။ IR Remote Control အနေနဲ့ TV Channel တွေမှစလို့ Air Conditioner တွေအထိ ကြိုက်နှစ်သက်သလို အသုံးပြုလို့ရတာကြောင့် IR Remote Control ဟာ သုံးစွဲသူတွေအတွက် သင့်တော်ပြီး လွယ်ကူချောမွေ့စေတဲ့ လုပ်ဆောင်ချက်တစ်မျိုး ဖြစ်လာပါတယ်။ Speaker အနေနဲ့လည်း အသံထွက်အား ကောင်းမွန်ပြီး Entertaining ဖြစ်စေမဲ့ Dual Stereo Speaker တပ်ဆင်ပေးထားတဲ့အတွက် OPPO Reno11 Series သုံးစွဲသူတွေကို အကြိုက်တွေ့စေမှာပါ။ Screen to Body Ratio က ၉၃ ရာခိုင်နှုန်းအထိ ရှိနေတာမို့ ပေါ့ပါးပြီး Entertainment အတွက်ပါ သီးသန့် အသုံးပြုချင်သူတွေအဖို့ သင့်တော်နေမှာ ဖြစ်ပါတယ်။

“The Portrait Expert” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် အသုံးပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ OPPO Reno11 5G ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၁,၄၉၉,၉၀၀ ကျပ် ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူသူတွေကို OPPO ကနေ လက်ဆောင် အနေဖြင့် ၅၀,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ 20000 mAh Power Bank ကို ပေးအပ်သွားမှာဖြစ်ပါတယ်။ OPPO Reno11 F ရဲ့ ဈေးနှုန်းကိုတော့ လာမယ့် ဧပြီလ မှာ တရားဝင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

 

Media release: OPPO