OPPO က ပြီးခဲ့တဲ့ လမှာ Reno 4 ကို ရောင်းချပေးခဲ့ပြီး Diamond Blue, Mirror Black, Taro Purple ၃ ရောင် ရွေးချယ်နိုင်ပါတယ်။ အခုတော့ OPPO က Crystal Diamond Red Edition ကို ရောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 765G SoC , 65W Fast Charge တွေ ပါလာပြီး ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၉ သောင်းလောက် တန်ကြေးရှိပါတယ်။
Reno 4 မှာ ၆.၄ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 4,020mAh ဘက်ထရီ ပါလာပါတယ်။ JingDong Mall ကနေ ရောင်းချပေးထားပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide နဲ့ 2MP Mono ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 32+2MP ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ကင်မရာက Super Night Scene ဗီဒီယို၊ Super Anti-shake 3.0 နဲ့ တခြား ဗီဒီယို လုပ်ဆောင်ချက်တွေကို ထောက်ပံ့ထားပါတယ်။
8/128GB နဲ့ 8/256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၂,၉၉၉ နဲ့ ၃,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။
OPPO Reno4 5G specifications
- 6.43-inch (2400 × 1080 pixels) Full HD+ 2.5D 90Hz AMOLED display with 96% NTSC color gamut, 430 nits typical, up to 600 nits brightness, Corning Gorilla Glass protection
- Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
- 8GB LPDDR4x RAM with 128GB (UFS 2.1) / 256GB (UFS 2.1) storage
- Android 10 with ColorOS 7.2
- Dual SIM
- 48MP rear camera with Sony IMX586 sensor, f/1.7 aperture, LED flash, 8MP 119° Ultra Wide Lens with f/2.2 aperture, 2MP mono lens with f/2.4 aperture, laser autofocus
- 32MP front-facing camera with f/2.4 aperture, secondary 2MP portrait camera with f/2.4 aperture
- In-display fingerprint sensor
- Dimensions:159.3×74.0×7.8mm; Weight: 183g
- 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, NFC, USB Type-C
- 4020mAh battery with 65W Super Flash Charge (SuperVOOC 2.0) fast charging
Ref : gizchina