OPPO ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက OPPO Find X2 Series Flagship ဖုန်းသစ်တွေကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုလိုမျိုး မိတ်ဆက်လိုက်တဲ့အတွက် ဖြစ်နိုင်တာက Find Series ဖုန်းတွေကပဲ Flagship ဖုန်းတွေဖြစ်လာဖို့များနေပြီး OPPO Reno ဖုန်းတွေကတော့ High End ဖုန်းတွေဖြစ်လာနိုင်ခြေပိုများသွားခဲ့ပါတယ်။

အခုနောက်ဆုံးအနေနဲ့ OPPO ကနေ Reno 3 Series စမတ်ဖုန်းတွေကို နောက်ဆုံးမိတ်ဆက်ထားပြီးတော့ မကြာခင်အချိန်အတွင်းမှာ OPPO Reno 5 အမည်ရှိတဲ့ Reno Series ဖုန်းအသစ်တွေကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ သတင်းအရ OPPO Reno 5 ဖုန်းတွေဟာ လာမယ့် မေလအတွင်းမှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပါတယ်။ OPPO အနေနဲ့ Reno 3 ကနေ 5 ကို ကျော်လိုက်တာက တရုတ်တွေရဲ့ နံပါတ် ၄ ဂဏန်းဟာ ကံမကောင်းစေဘူးလို့ ယူဆတာကြောင့်ဖြစ်နိုင်ပါတယ်။ အခုသိထားရသလောက်ဆိုရင် OPPO ကနေ ထုတ်လုပ်မှုတွေကို စတင်နေပြီဖြစ်ပြီး လာမယ့်မေလအတွင်းမှာ တခါတည်း မိတ်ဆက်ပြီး ရောင်းချသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO ကနေ Reno 3 Series ဖုန်းတွေကို ပြီးခဲ့တဲ့ ၃ လကမှ တရုတ်နိုင်ငံမှာ မိတ်ဆက်ထားတာဖြစ်သလို International စျေးကွက်တွေကိုလည်း ရောင်းချတာ မကြာသေးဘူးဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့် မေလမှာ Reno 5 ကို မိတ်ဆက်မယ်ဆိုတာကတော့ Reno 3 ဝယ်ထားတဲ့သူတွေအတွက် စိတ်မကောင်းစရာပါ။

Ref – Giz China