OPPO ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေက Battery Charging ပိုင်းမှာ Super VOOC လိုမျိုး နည်းပညာတွေပါဝင်ပြီးတော့ လက်ရှိမှာ အမြန်ဆန်ဆုံးအားသွင်းစနစ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ မနှစ်တုန်းထဲက မိတ်ဆက်ထားခဲ့တဲ့ OPPO Reno Ace ဖုန်းဆိုရင်လည်း 65W Super VOOC Charging စနစ်ကြောင့် လက်ရှိအချိန်ထိ အားသွင်းအမြန်ဆုံးစမတ်ဖုန်းဖြစ်နေဆဲပါ။

အခုလည်း OPPO ကနေ လုံးဝအထင်ကြီးစရာကောင်းတဲ့ Charging စနစ်တစ်ခုကို ပြသသွားခဲ့ပါတယ်။ အဆိုပါ Charging စနစ်ကိုတော့ FreeVOOC Air-recharging Technology လို့နာမည်ပေးထားပြီးတော့ OPPO Reno Ace Infinity စမတ်ဖုန်းမှာ ပြသသွားခဲ့တာဖြစ်ပါတယ်။

ဘာကြောင့် FreeVOOC Air-recharging Technology လို့နာမည်ပေးရသလဲဆိုရင် ဖုန်းကို Charger ရဲ့ ၁၀ မီတာ (၃၃ ပေ) အကွာအဝေးမှာထားရင်တောင်မှာ Stable ဖြစ်တဲ့ 5W ကနေ 10W အတွင်းအားသွင်းပေးနိုင်မှာဖြစ်လို့ပါ။ OPPO ကနေ အခု FreeVOOC Charging နည်းပညာဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုပါ Promo Video တစ်ခုနဲ့ ပြသခဲ့ပါသေးတယ်။

 

ဒီလိုမျိုးအားသွင်းဖို့အတွက် OPPO Reno Ace Infinity ရဲ့ ဘေးပတ်လည်မှာ FreeVOOC Coil တွေကို ထည့်သွင်းပေးထားပြီး Absorption Layer ၊ Conversion Layer နဲ့ Conductive Material တွေကိုပါ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

OPPO ကတော့ အခုနည်းပညာဟာ Wireless Charging တွေရဲ့ အနာဂတ်လို့ဆိုထားပေမယ့် တကယ်ပဲထွက်ရှိလာမှာလား၊ April Fool’s Day ဟာသတစ်ခုလားဆိုတာကတော့ မသေချာသေးပါဘူး။

Ref – GSM Arena