OPPO က “The Portrait Expert” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ Reno Series ရဲ့ အကောင်းဆုံးသော၊ ဓာတ်ပုံနည်းပညာကို ချစ်မြတ်နိုးသူတွေအတွက် Studio Quality Portrait အတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး 2x Telephoto Portrait Optical Zoom ပါဝင်တဲ့ OPPO Reno11 5G ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ Official Launch မှတစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၁,၄၉၉,၉၀၀ ကျပ်ဖြင့် တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။

OPPO Reno11 5G ကို Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မှ မတ်လ ၇ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာ ဖြစ်ကာ Pre order မှာယူတဲ့သူတွေအတွက် မေတ္တာလက်ဆောင်အနေနဲ့ OPPO band နဲ့အတူ MPT package ၊ UV မှန်မကွဲ တစ်ကြိမ်ကပ်ခွင့်ကိုလဲ OPPO Service Center မှာရရှိနိုင်ပြီး စုစုပေါင်း ၂၀၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ 

OPPO Reno11 Series Official Launch Event မှာတော့ OPPO ရဲ့  Ambassador ဖြစ်တဲ့ နိုင်ငံကျော် သရုပ်ဆောင် ပိုင်တံခွန် နဲ့အတူ အခြားသော OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် Lil’Z ၊ ယမင်းမေဦး နှင့် ဓာတ်ပုံပညာရှင် Thiha Soul  တို့ တက်ရောက်ခဲ့ကြပြီး OPPO Reno11 Series ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

လှပပြီး တိကျပြတ်သားတဲ့ portrait ပုံရိပ်တွေဖန်တီးပေးနိုင်မဲ့ 2x Telephoto Portrait Camera

DSLR Camera တစ်လုံးအနေနဲ့ သေသပ်လှပတဲ့ Portrait ဓာတ်ပုံတစ်ပုံရဖို့ဆိုရင် Focal Lengths 50 mm Lens က အကောင်းဆုံး Focal Length တွေထဲက တစ်ခုအနေနဲ့ ပါဝင်နေပြီး OPPO Reno11 5G ရဲ့ 32MP Telephoto Portrait Camera မှာဆိုရင် Sony Flagship IMX709 Sensor ကို အသုံးပြုထားတဲ့အပြင် Focal Length 47 mm Lens ပါဝင်တာကြောင့် DSLR Level အရည်အသွေးနီးပါးကောင်းမွန်တဲ့ စတူဒီယိုအရည်အသွေးရှိ ပုံရိပ်ကို ရရှိမှာဖြစ်ပါတယ်။

ဒါတင်သာမက Camera Aperture ကို ချိန်ညှိပြီး ပြီးပြည့်စုံတဲ့ ဓာတ်ပုံများကိုလဲ ဖန်တီးနိုင်တဲ့အတွက် Portrait ချစ်သူတွေအတွက် ဆန်းသစ်လှပတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ ပထမဆုံး OPPO Reno Series စတင်ထွက်ရှိခဲ့စဉ်တုန်းက 10x Zoom ကို Digital Zoom အနေနဲ့ Software ပိုင်းမှာ အသုံးပြုခဲ့တာဖြစ်ပြီး အခု OPPO Reno11 5G ရဲ့ Telephoto Portrait Camera မှာဆိုရင် Hardware ပိုင်းဆိုင်ရာ နည်းပညာအဖြစ် မြှင့်တင်လိုက်ကာ Optical Zoom အဖြစ် ပြုပြင်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

ဈေးနှုန်းတူ ဖုန်းများကြားမှာဆိုရင် Reno11 5G က Optical Zoom ပါဝင်လာတဲ့ တစ်ခုတည်းသော စမတ်ဖုန်းဖြစ်ပြီး  ဓာတ်ပုံနည်းပညာကို ချစ်မြတ်နိုးသူတွေအတွက် အလွန်ကြည်လင်ပြတ်သားတဲ့ Portrait ကင်မရာစနစ်ကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ 

Sony Flagship Sensor နဲ့ Triple Camera Setup ပါဝင်လာတဲ့ OPPO Reno11 5G

 OPPO Reno11 5G မှာဆိုရင် OIS ပါရှိတဲ့ 50 MP Main Camera ပါဝင်လာပြီး 26 mm ရှိတဲ့ နောက်ဆုံးပေါ်  Sony LYT 600 Sensor  ကို တပ်ဆင်ထားတာကြောင့် စတူဒီယို အရည်အသွေးလို ကောင်းမွန်တဲ့ ဓာတ်ပုံ အရည်အသွေးကို သိသိသာသာ တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ 32 MP ရှိတဲ့ Telephoto Portrait Camera မှာဆိုရင်လဲ Sony IMX709 Flagship Sensor ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် ဓာတ်ပုံ အရည်အသွေးက သိသိသာသာ တိုးတက်ကောင်းမွန်လာတာကြောင့် Professional Portrait Camera လို့တောင် တင်စားခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ 

Telephoto Portrait Camera ရဲ့ 2x Optical Zoom ရဲ့ focal length က 47mm ရှိလာတဲ့အတွက် DSLR Level ရှိတဲ့ ဓာတ်ပုံ၊ တစ်နည်းအားဖြင့်ဆိုရရင် စတူဒီယို အရည်အသွေးမျိုး ခံစားရစေတဲ့ ဓာတ်ပုံကောင်းတစ်ပုံကို ရရှိစေတာကိုလဲ လက်တွေ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Wide-angle camera အနေနဲ့လဲ 16 mm ရှိတဲ့ 8MP Sony IMX355 Ultra-wide Sensor ကို အသုံးပြုထားတဲ့အပြင် UltraWide Camera က 112 ဒီဂရီအထိ ရှိတဲ့အတွက် မြင်ကွင်းကျယ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေအတွက် OPPO Reno11 5G က  အကြိုက်တွေ့စေမဲ့ Camera တစ်လုံးပဲ ဖြစ်ပါတယ်။

သဘာဝကနေ ဖန်တီးထားတဲ့ Natural Aesthetic design

 OPPO Reno11 5Gမှာဆိုရင် သဘာဝကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်မျိုး ထွက်ရှိလာပါတယ်။ အရောင် နှစ်မျိုးလုံးက သဘာဝကို အခြေခံပြီး ဖန်တီးထားတာဖြစ်လို့ Natural Aesthetic Design လို့လဲ တင်စားထားပါသေးတယ်။ ဖုန်းရဲ့ ကျောဘက် ဒီဇိုင်းအတွက် Wave Green အရောင်ကို ပုံဖော်တဲ့အခါ ပါးလွှာပေါ့ပါးလွန်းတဲ့ Organza Fabric လိုမျိုး ပေါ့ပါးတောက်ပတဲ့ ဖဲသားနဲ့တူညီအောင် ဖန်တီးထုတ်လုပ်ထားပြီး Rock Grey အရောင်ကိုတော့ သေးငယ်တဲ့ Crystal Structure တွေနဲ့အတူ ဖွဲ့စည်းထားတဲ့ OPPO Glow နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

နောက်ထပ် ဆန်းသစ်ထားတာကတော့ မျက်နှာပြင်အကွေးကိုမှ သဘောကျပါတယ်ဆိုတဲ့ အသုံးပြုသူတွေအတွက် ထုတ်လုပ်ပေးထားတဲ့ 120Hz AMOLED Display 3D curved Screen ပဲဖြစ်ပါတယ်။ 56 Degree ခုံးထားတဲ့ 3D curved Screen မှန်အခုံး ၊ ဘေးဘောင်က 3D curved Design တွေကလည်း အသုံးပြုသူတွေရဲ့ စိတ်တိုင်းကျ ဖြစ်လာစေတဲ့ အချက်တွေထဲက တစ်ချက်အဖြစ် ပါဝင်လာပါတယ်။

သုံးစွဲသူတွေ အကြိုက်တွေ့စေမယ့် Color OS 14 ရဲ့ “ Smart Image Matting “ Function

 OPPO Reno11 Series 5ရဲ့ ထူးခြားဆန်းသစ်မှုအနေနဲ့ သုံးစွဲသူတွေ သဘောကျနိုင်တဲ့ Feature အဖြစ် ပါဝင်လာတာကတော့ Color OS 14 ထဲက Smart Image Matting Function ဖြစ်ပါတယ်။ Smart Image Matting မှာဆိုရင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖြတ်ထုတ်ပြီး File Dock ထဲ သိမ်းဆည်းထားနိုင်တဲ့အပြင် အသုံးလိုတဲ့အချိန်တိုင်းမှာ File Dock ထဲက ပြန်လည်အသုံးပြုနိုင်တာကတော့ Smart Image Matting ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

လူ ၊ တိရစ္ဆာန် ၊ အရာဝတ္ထု အစရှိတဲ့အရာတိုင်းကို ဖြတ်ထုတ်လို့ရတဲ့အပြင် ဓာတ်ပုံတစ်ပုံထဲမှာ ပုံရိပ်ပေါင်း ၆ ခုအထိ ဖြတ်ထုတ်လို့ရတာကလဲ Smart Image Matting ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ဒါတင်သာမက ရွေ့လျားမှု ၊ လှုပ်ရှားမှုရှိနေတဲ့ Video ထဲက ပုံရိပ်တွေကိုပါ ဖြတ်ထုတ် အသုံးပြုလို့ရပါသေးတယ်။ နောက်ပြီး ဓာတ်ပုံထဲ ပါရှိနေတဲ့ စာသားတွေကိုလဲ Smart Touch နည်းပညာနဲ့ ဖြတ်ထုတ်ပြီး အသုံးပြုလို့ရသေးတာကြောင့် Smart Image Matting က လူငယ်တွေအတွက် သင့်တော်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် ပါဝင်လာပါတယ်။

 

သွက်လက်တဲ့ စွမ်းဆောင်ရည် နဲ့ ဘက်ထရီ

 OPPO Reno11 Series ကို အသုံးပြုတဲ့အခါ ပေါ့ပါးနေစေဖို့အတွက်  MediaTek Dimensity 7050 chipset တပ်ဆင်ပေးထားပြီး OPPO Reno11 5Gမှာ RAM 12GB ကို RAM Expansion 12 GB နဲ့ ROM 256 GB တို့ ပါဝင်တာကြောင့် လျှင်မြန်သွက်လက်တဲ့ လုပ်ဆောင်ချက်နဲ့ အဆင်ပြေချောမွေ့နေစေမှာ ဖြစ်ပါတယ်။ ဘက်ထရီအားဖြင့်လဲ 5000mAh ပါဝင်တာကြောင့် တစ်နေကုန် စိတ်ကြိုက် အသုံးခံမှာ ဖြစ်သလို 67W SUPERVOOC အမြန်အားသွင်းစနစ်က အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းစေနိုင်မှာဖြစ်ပြီး နာရီဝက်လောက်အချိန်ပေးပြီး အားသွင်းလိုက်ရုံနဲ့ ဖုန်းအားကို ၈၅  ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။ 

ဘက်ထရီ သက်တမ်းအနေနဲ့လဲ အကြိမ်ပေါင်း ၁၄၆၀ အားသွင်းပြီးတဲ့အထိ Battery Capacity က ၈၀ ရာခိုင်နှုန်း ထက် မနည်းသွားဘူးလို့ ပြောထားသလို 4 Years durability ပေးထားတဲ့အတွက် ၄နှစ်တာကာလပတ်လုံး အသုံးပြုဖို့ အဆင်ပြေပါလိမ့်မယ်။ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ  တစ်သားတည်းဖြစ်လာတဲ့ IR Remote Control ကလဲ TV Channels , Airconditioner တွေ အားလုံးအတွက်ပါ အသုံးပြုလို့ရတာဖြစ်လို့ နည်းပညာချစ်သူတွေအတွက် အသုံးဝင်စေတဲ့ Feature တစ်ခု အဖြစ် ပါဝင်လာပါတယ်။

“The Portrait Expert” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ Reno Series ရဲ့ အကောင်းဆုံးသော၊ ဓာတ်ပုံနည်းပညာကို ချစ်မြတ်နိုးသူတွေအတွက် Studio Quality Portrait ကို ပေးစွမ်းနိုင်တဲ့အထိ ကောင်းမွန်လာပြီး 2x Telephoto Portrait Optical Zoom ထူးခြားစွာ ပါဝင်လာတဲ့ OPPO Reno11 5G ကို မြန်မာနိုင်ငံဈေးကွက်မှာ ၁,၄၉၉,၉၀၀ ကျပ်ဖြင့် မိတ်ဆက်ခဲ့ပြီး Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ Pre-order စတင်မှာယူတဲ့ ဝယ်ယူသူတိုင်းကို မေတ္တာလက်ဆောင်အနေနဲ့ OPPO band နဲ့အတူ MPT package  UV မှန်မကွဲ တစ်ကြိမ်ကပ်ခွင့် ကိုလဲ OPPO Service center မှာရရှိနိုင်ပြီး စုစုပေါင်း ၂၀၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ OPPO Reno11 F ရဲ့ ဈေးနှုန်း ကိုတော့ ဧပြီလထဲမှာ တရားဝင်ကြေငြာသွားမှာဖြစ်ပါတယ်။

 

Media release: OPPO