OPPO ဟာ တရုတ်နိုင်ငံအတွင်းမှာ Reno11 နဲ့ Reno11 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Reno11 Series ဖုန်းတွေဟာ ဒီဇိုင်းပိုင်းပြောင်းလဲထားသလို Chipset ပိုင်း၊ Battery Capacity ပိုင်းကိုပါ Upgrade ပြုလုပ်ထားခဲ့ပါတယ်။

အရင်ဆုံး OPPO Reno11 ဖုန်းဟာ 6.7″ Full HD+ OLED Display ကို အသုံးပြုထားပြီး 10-bit 120Hz Refresh Rate ၊ 240Hz Touch Samping Rate တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Curved Display အမျိုးအစားဖြစ်တဲ့အပြင် Punch-hole Selfie Camera ၊ Under Display Fingerprint Sensor တွေလည်း ပါဝင်မှာပါ။

Chipset ပိုင်းမှာ မနှစ်တုန်းက OPPO Reno10 Pro မှာ အသုံးပြုခဲ့တဲ့ MediaTek Dimensity 8200 Chipset ကို အသုံးပြုထားပါတယ်။ RAM 8GB + 256GB Storage Version ကနေ အမြင့်ဆုံး RAM 12GB + 512GB Version အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Camera အနေနဲ့ 50MP Sony LYT600 Sensor အပြင် 32MP 2x Portrait Camera ၊ 8MP Ultrawide Camera တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အတွက်ကတော့ 32MP Camera Sensor ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Battery Capacity အနေနဲ့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး 67W Fast Charging ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ OPPO Reno11 ဖုန်းကို Black ၊ Green နဲ့ White ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မယ့်အပြင် စျေးနှုန်းအနေနဲ့ 2,499 Yuan (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Reno11 Pro ဖုန်းမှာတော့ Display ပိုင်းမှာ အမြင့်ဆုံး 1600nits Peak Brightness အပြင် 2772 x 1240 Pixels Resolution ရှိတဲ့ 6.74″ OLED Curved Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Chipset ပိုင်းမှာလည်း ယခင် Reno10 Pro+ ဖုန်းမှာ အသုံးပြုခဲ့တဲ့ Snapdragon 8+ Gen 1 ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ RAM 12GB + 256GB Storage သို့မဟုတ် RAM 12GB + 512GB Storage ဆိုပြီး Version ၂ မျိုးရွေးချယ်နိုင်မှာပါ။

Camera ပိုင်းမှာ 50MP Sony IMX890 Main Camera ကို အဆင့်မြှင့်တင်ထားပြီး ကျန်တဲ့ 32MP Portrait Camera ၊ 8MP Ultrawide Camera တွေနဲ့ 32MP Selfie Camera တွေကတော့ Reno11 နဲ့ တူညီမှာဖြစ်ပါတယ်။

Battery ပိုင်းမှာ 4700mAh Battery ပါဝင်ပြီး 80W Fast Charging ကိုထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ OPPO ရဲ့ ပြောကြားချက်အရတော့ 0-50% ကို အားသွင်းဖို့အတွက် အချိန် ၁၁ မိနစ်ပဲ ကြာမြင့်မယ်လို့ သိရပါတယ်။

OPPO Reno11 Pro ဖုန်းကိုလည်း White ၊ Green နဲ့ Black ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး 3,499 Yuan (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) ဖြင့် စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena