OPPO Reno11 5G ဖုန်းဟာ ဈေးနှုန်းတူဖုန်းတွေကြားမှာ 2x Optical Telephoto Portrait Lens ပါဝင်လာတဲ့ တစ်ခုတည်းသော စမတ်ဖုန်း ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ဓာတ်ပုံပညာနဲ့ ပတ်သက်လို့ သိသိသာသာ တိုးတက်ပြောင်းလဲလာသလို အခုနောက်ပိုင်း ဖုန်းတွေမှာလဲ ဖုန်းရဲ့ လုပ်ဆောင်ချက်သာမက ကင်မရာတွေကပါ အများကြီး တိုးတက်ပြောင်းလဲ လာနေပါပြီ။

ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကလဲ အရင်တည်းက “THE PORTRAIT EXPERT” ဆိုပြီး ဖန်တီးခဲ့တဲ့ Reno Series ကို အခု ပထမဦးဆုံးသော 2x Optical Telephoto Portrait ပါဝင်လာတဲ့ Reno11 5G အနေနဲ့ အဆင့်မြှင့်တင်ပြီး မကြာမီ မြန်မာပြည် ဈေးကွက်ထဲတွင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OPPO ရဲ့ Reno Series ဆိုတာနဲ့ အားလုံးက အကောင်းမွန်ဆုံးသော ဓာတ်ပုံရိုက်ကူးမှုတွေအတွက် အထူးပြုပြီး ထုတ်လုပ်ထားတဲ့ Series ဆိုတာ သိကြမှာပါ။ Reno Series တွေဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလက စတင်ထွက်ရှိခဲ့ပြီး ကင်မရာနဲ့ ပတ်သက်လို့ Flagship Product အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Series တစ်ခုလဲ ဖြစ်ပါတယ်။

ပထမဦးဆုံး Reno Series စတင်ထုတ်လုပ်ဖန်တီးခဲ့စဉ်က 10x Zoom နဲ့ ထွက်ရှိလာခဲ့သလို Video Quality အနေနဲ့လဲ Moonlight Night Algorithm ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာကြောင့် Video ရဲ့ Focusing Speed ကို ၁၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ခဲ့ပါတယ်။ Reno10 Series ဟာဆိုရင်လဲ Portrait Photography နဲ့ ဗီဒီယိုအတွက် Gold standard အသစ်ကို ဖန်တီးထုတ်လုပ်ပေးခဲ့ပြီး Reno10 Pro+ ဟာ ၂၀၂၃ ခုနှစ်မှာ အကောင်းဆုံး Portrait ဖုန်းတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာဆိုရင် နိုင်ငံတွေနဲ့ ဒေသပေါင်း ၆၀ ကျော်မှာရှိတဲ့ လူပေါင်း ၇၂ သန်းကျော်ဟာ Reno series မှာ ပါရှိတဲ့ ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေကို နေ့စဉ်နဲ့ အမျှ ရရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် OPPO က Reno Series တွေကို အဆက်မပြတ် ထုတ်လုပ်လာခဲ့တာ အခုဆိုရင် Reno11 Series တိုင်အောင် အဆင်မြှင့်တင်ပြီး ထုတ်လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။

DSLR Portrait အရည်အသွေးလိုမျိုး အထူးကောင်းမွန်လာတဲ့ Portrait Camera

Reno Series ဟာ စတင်ထွက်ရှိလာတည်းက သူ့ရဲ့ Portrait Camera နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ Series တစ်ခုဖြစ်သလို ပထမဦးဆုံးသော Reno Series ထွက်ပေါ်လာတဲ့အချိန်တည်းက ၁၀ဆ အထိဆွဲချဲ့လို့ရတဲ့ Digital Zoom Feature ပါဝင်လာခဲ့တာဖြစ်ပြီး AI Color Portrait , Bokeh Flare Portrait Feature တွေက အတော်လေးနာမည်ကြီး လူကြိုက်များတဲ့ feature တွေ ဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးထွက်ရှိလာမဲ့ Reno11 Series မှာတော့ Digital Zoom ကနေ အဆင့်မြှင့်တင်လိုက်ပြီး Optical Zoom ၂ ဆ အထိ ရရှိလာမှာဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ အသုံးပြုသူတွေအတွက်လဲ အဆင့်မြှင့်တင်ထားတဲ့ Portrait Camera လိုအပ်လာပြီး 2x Optical Telephoto Portrait ပါဝင်တဲ့အတွက်ကြောင့် DSLR Portrait အရည်အသွေးလိုကောင်းမွန်တဲ့ Reno11 5G ကို ဖန်တီးလိုက်ကာ အသုံးပြုသူတွေအားလုံး အတွေ့အကြုံအသစ်တွေ ခံစားရရှိနိုင်အောင် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Reno11 5G ရဲ့ Portrait Camera မှာဆိုရင် 32 MP Telephoto Portrait Camera ကိုမှ Sony IMX709 Flagship Sensor ပါဝင်လာပါတယ်။

DSLR ကင်မရာတစ်လုံးရဲ့ Focal Length က 50mm ရှိနေတဲ့အချိန်မှာ Reno11 5G ရဲ့ Portrait Camera က Focal Length 47mm အထိရှိတာကြောင့် ဓာတ်ပုံရိုက်တဲ့အခါ Studio Quality Portrait ကို ရရှိနိုင်တဲ့ အားသာချက်ရှိလာပါတယ်။ ဒါတင်သာမက Portrait ဓာတ်ပုံတွေ ရိုက်ကူးရာမှာလဲ Focal Length တွေကို စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့ Golden Focal Length ပါဝင်တာကြောင့် ကြည်လင်ကောင်းမွန်တဲ့ အရည်အသွေးကို ရရှိရုံသာမက Portrait Expert Engine ရဲ့ အသေးစိတ် လုပ်ဆောင်ချက်တွေကြောင့် ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာကိုလဲ သဘာဝဆန်ဆန် ပိုမိုလှပကြည်လင်စေပြီး နောက်ခံ မြင်ကွင်းမှာလဲ တိတိကျကျ ပြတ်သားကြည်လင်တဲ့ ပုံရိပ်မျိုးကို ရရှိစေမှာပါ။

Digital Zoom မှာ ဆိုရင်တော့ Zoom ဆွဲလိုက်တာနဲ့ ပုံ ရဲ့ အရည်အသွေး အနည်းနဲ့ အများဆိုသလို ကျသွားနိုင်ပြီး အလင်းတန်းတွေကြောင့် ပိုပြီးဝေဝါးသွားစေနိုင်ပေမဲ့ အခု Reno11 5G မှာ အသစ်ပါဝင်လာတဲ့ Optical Zoom ကတော့ ဘယ်လိုပဲ Zoom ဆွဲပါစေ ပုံရိပ်အရည်အသွေးက ကျမသွားဘဲ နောက်ခံမြင်ကွင်းကို လှပစွာ ဝေဝါးသွားစေတဲ့ လုပ်ဆောင်ချက်တွေကြောင့် အရှေ့က ပုံရိပ်က 3D effect လိုမျိုး ကြွနေသယောင် ခံစားရကာ Digital Zoom နဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ သိသိသာသာ ပိုပြီးကြည်လင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

OPPO Reno11 5G မှာဆိုရင် Triple Camera Setup အနေနဲ့ Sony LYT600 Sensor ပါဝင်တဲ့ 50 MP OIS Main Camera၊ Sony IMX709 Flagship Sensor ပါဝင်လာတဲ့ 32 MP Telephoto Portrait camera၊ 8MP Sony IMX355 Ultra-wide-angle Camera၊ 32MP Sony OV32C Sensor ပါဝင်လာတဲ့ Front Camera ဆိုပြီး Sony Flagship Sensor တွေ ထည့်သွင်းထားတာကြောင့် ကင်မရာ အရည်အသွေး သိသိသာသာ တိုးတက်ပြောင်းလဲလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သဘာဝတရားကို အခြေခံထားတဲ့ Natural Aesthetic Design

OPPO Reno11 Series မှာ ကင်မရာအပြင် နောက်ထပ် ဆန်းသစ်လှပစွာ ဖန်တီးထားတာကတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းပါပဲ။ ဒီဇိုင်းအနေနဲ့ အရောင်အားဖြင့် Wave Green နဲ့ Rock Grey ဆိုပြီး အရောင် နှစ်ရောင်ထွက်ရှိလာမှာပါ။ အဲဒီ အရောင်နှစ်ရောင်မှာ Wave Green ဆိုတာကတော့ ဩစတေးလျားနိုင်ငံ ၊ Emerald ပင်လယ်အော်ရဲ့ ပင်လယ်လှိုင်းလုံးတွေကို မနက်ခင်းအချိန် မှာကျရောက်လာတဲ့ နေရောင်ခြည်က ထိတွေ့တဲ့အခါ အလှပဆုံးတောက်ပလာတဲ့အစိမ်းရောင်ဖြစ်ပြီး Rock Grey ကတော့ ဩစတေးလျားနိုင်ငံ ၊ Emerald ပင်လယ်အော် ရဲ့ ညဘက်အချိန် မှာထွက်ပေါ်လာတဲ့ လရောင်ခပ်ပြပြလေးက ကျောက်ဆောင်တွေကို ထိတွေ့တဲ့အခါ ပေါ်လာတဲ့ ငွေမှင်ရောင်ပဲ ဖြစ်ပါတယ်။

Wave Green Color ဖုန်းရဲ့ ကျောဘက် ဒီဇိုင်းအတွက် ပုံဖော်တဲ့အခါ ပါးလွှာပေါ့ပါးလွန်းတဲ့ Organza ဇာအသားလိုမျိုး ပေါ့ပါးတောက်ပတဲ့ ဖဲသားနဲ့တူညီအောင် ဖန်တီးထားပြီး Rock Grey Color အတွက်ကိုတော့ OPPO ရဲ့ Iconic Glow ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ အရောင် နှစ်ရောင်လုံးဟာ သဘာဝတရားကို အခြေခံပြီး ဖန်တီးထားတာကြောင့် Natural Aesthetic Design လို့ တင်စားထားကာ Reno11 5G ရဲ့ မျက်နှာပြင်အနေနဲ့ ၅၆ ဒီဂရီအထိ ကွေးထားတဲ့ 3D Curved Screen ကလဲ ဒီဇိုင်းဆန်းသစ်မှုကို သိသိသာသာ မြင်တွေ့စေနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

DSLR ရုပ်ထွက် နီးပါး ကောင်းမွန်တဲ့ ကင်မရာ အရည်အသွေးနဲ့ ဆန်းသစ်တဲ့ ဒီဇိုင်း ကင်မရာတည်ဆောက်ပုံတွေကို အဆင့်မြှင့်တင်ထားတဲ့ OPPO Reno11 Series ကို မြန်မာနိုင်ငံမှာ မကြာခင်မှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

Media release: OPPO