[Zawgyi]




Ref : gizmochina

[Unicode]

OPPO Reno2 Z ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ

OPPO Reno2 Z ကို တရုတ်မှာ ၂,၄၉၉ ယွမ်နဲ့ ရောင်းပေးလိုက်ပြီး မြန်မာငွေ ၅၄၀,၀၀၀ လောက်ရှိပါတယ်။ OPPOShop.cn Online Store ကနေ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ Morning Fog White, Extreme Night Black နဲ့ Deep Sea Blue အရောင်သုံးမျိုး ရွေးချယ်နိုင်ပါတယ်။

Reno2 Z မှာ ၆.၅၃ လက်မ AMOLED Display တပ်ဆင်ထားပြီး Full HD+ Resolution ပါ။ 19.5:9 Aspect Ratio နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Screen-to-body Ratio က ၉၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Android 9 Pie အခြေပြု ColorOS 6.1 မောင်းနှင်ထားပါတယ်။ MediaTek Helio P90 Chipset , 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ 4,000mAh Battery ထည့်ထားပါတယ်။ VOOC 3.0 Flash Charge က 20W Fast Charging ကို ထောက်ပံ့ပေးပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor တွေကို ဒေါင်လိုက် တပ်ထားပါတယ်။ 10x Digital Zoom , EIS , Professional Mode, Night Scene Mode, Time-lapse , Slow-motion Video Shooting နဲ့ 30fps 4K Video Recording တွေ ထည့်ထားပါတယ်။ 16MP Pop-up Selfie Camera ထည့်ထားပြီး 30fps 1080p Video တွေ ဖမ်းယူပေးနိုင်ပါတယ်။

Ref : gizmochina