[Zawgyi]

အိႏၵိယမွာ OPPO Reno2 Z ကို OPPO Reno2 , OPPO Reno2 F Phones ေတြနဲ႔အတူ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ  ေၾကညာခဲ့ပါတယ္။ တရုတ္မွာ Reno2 ကိုပဲ မိတ္ဆက္ထားပါတယ္။ OPPO Reno2 Z ရဲ႕ ေမာ္ဒယ္ နံပါတ္ ျဖစ္တဲ့ PCKM80 ကို Specs အျပည့္အစံုနဲ႔တကြ TENAA မွာ ၿပီးခဲ့တဲ့လက ေတြ႕ခဲ့ရပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းဟာ China Telecom ရဲ႕ ၀က္ဘ္ဆိုက္ကို ေရာက္လာၿပီ ျဖစ္ၿပီး တရုတ္မွာ ဒီ ၁ ပတ္ထဲ ေၾကညာေတာ့မယ္လို႔ ေဖာ္ျပထားပါတယ္။

China Telecom က ဒီလ ၂၅ ရက္ေန႔မွာ ေရာင္းမွာ ျဖစ္ၿပီး ယြမ္ ၂,၆၉၉ သတ္မွတ္ထားမယ္လို႔ ေျပာပါတယ္။ ျမန္မာေငြ ၆ သိန္းနီးပါးရွိပါတယ္။ Extreme Night Nebula, Morning Fog White နဲ႔ Deep-Sea Night Light စတဲ့ အေရာင္ ၃ မ်ိဳးထုတ္လုပ္ထားမွာပါ။

Reno2 Z မွာ ၆.၅ လက္မ AMOLED Display တပ္ဆင္ထားၿပီး Full HD+ Resolution ပါ။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Android 9 Pie အေျချပဳ ColorOS 6.1 ေမာင္းႏွင္ထားပါတယ္။ MediaTek Helio P90 Chipset , 8GB RAM နဲ႔ 128GB Storage ေတြ ပါပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။

VOOC 3.0 20W Flash Charge ပါတဲ့ 4,000mAh Battery ထည့္ထားပါတယ္။ အေနာက္ဘက္မွာ 48MP Main , 8MP Ultrawide, 2MP Mono နဲ႔ 2MP Depth Sensor ေတြ တပ္ထားပါတယ္။ 16MP Pop-up Selfie Camera ထည့္ထားပါတယ္။

Ref : gizmochina

[Unicode]

OPPO Reno2 Z ကို တရုတ်မှာ ဒီ ၁ ပတ်ထဲ ကြေညာမည်

အိန္ဒိယမှာ OPPO Reno2 Z ကို OPPO Reno2 , OPPO Reno2 F Phones တွေနဲ့အတူ သြဂုတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ တရုတ်မှာ Reno2 ကိုပဲ မိတ်ဆက်ထားပါတယ်။ OPPO Reno2 Z ရဲ့ မော်ဒယ် နံပါတ် ဖြစ်တဲ့ PCKM80 ကို Specs အပြည့်အစုံနဲ့တကွ TENAA မှာ ပြီးခဲ့တဲ့လက တွေ့ခဲ့ရပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းဟာ China Telecom ရဲ့ ဝက်ဘ်ဆိုက်ကို ရောက်လာပြီ ဖြစ်ပြီး တရုတ်မှာ ဒီ ၁ ပတ်ထဲ ကြေညာတော့မယ်လို့ ဖော်ပြထားပါတယ်။

China Telecom က ဒီလ ၂၅ ရက်နေ့မှာ ရောင်းမှာ ဖြစ်ပြီး ယွမ် ၂,၆၉၉ သတ်မှတ်ထားမယ်လို့ ပြောပါတယ်။ မြန်မာငွေ ၆ သိန်းနီးပါးရှိပါတယ်။ Extreme Night Nebula, Morning Fog White နဲ့ Deep-Sea Night Light စတဲ့ အရောင် ၃ မျိုးထုတ်လုပ်ထားမှာပါ။

Reno2 Z မှာ ၆.၅ လက်မ AMOLED Display တပ်ဆင်ထားပြီး Full HD+ Resolution ပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Android 9 Pie အခြေပြု ColorOS 6.1 မောင်းနှင်ထားပါတယ်။ MediaTek Helio P90 Chipset , 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

VOOC 3.0 20W Flash Charge ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Mono နဲ့ 2MP Depth Sensor တွေ တပ်ထားပါတယ်။ 16MP Pop-up Selfie Camera ထည့်ထားပါတယ်။

Ref : gizmochina