OPPO က တန်ဖိုးနည်း စွမ်းရည်နိမ့် A12 နဲ့ စွမ်းရည်သင့် A52 , A72 စမတ်ဖုန်းတွေကို ရောင်းပေးထားပါတယ်။ အခုတော့ Ishan Agrawl က မကြာခင် ကြေညာမယ့် Reno3 A ရဲ့ Specs Sheet ကို မျှဝေလိုက်ပြီး Reno3 Youth နဲ့ အများစု တူညီနေပါတယ်။

Reno3 A မှာ ၆.၄၄ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပြီး 2MP ကင်မရာ ၂ လုံးက Macro Photography နဲ့ Depth Data တွေအတွက် ဖြစ်နိုင်ပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM နဲ့ 128GB Storage ပါလာမှာပါ။

ဘက်ထရီက 4,025mAh ဖြစ်ပြီး Android 10 အခြေပြု ColorOS 7.1 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Reno3 A ရဲ့ အရွယ်အစား အပြည့်အစုံမှာ 161x74x8.2mm နဲ့ အလေးချိန်မှာ ၁၇၅ ဂရမ် ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena