Oppo ကုမ္ပဏီဟာ Reno4 လိုင်းရဲ့ ပထမဆုံးအဖွဲ့ဝင်တွေကိုတောင် မိတ်ဆက်ခဲ့ပြီးသား ဖြစ်ပေမယ့် မျိုးဆက်တစ်ခု နောက်ပြန်ဆုတ်ပြီး Reno3 စီးရီးရဲ့ အဖွဲ့ဝင်သစ် Reno3 A ကို ဂျပန်နိုင်ငံဈေးကွက်မှာ မိတ်ဆက်သွားခဲ့ပါတယ်။

Oppo Reno3 A စမတ်ဖုန်းသစ်ဟာ Oppo Reno3 5G ဖုန်းနဲ့ ဒီဇိုင်းဆင်တူပြီး နောက်ဘက်မှာ ကင်မရာလေးလုံးနဲ့ ရှေ့ဘက်မှာ Waterdop Notch တို့ပါဝင်တယ်။ ဒါပေမယ့် Specs ကတော့ လျော့ချထားပါတယ်။

Reno3 A ဖုန်းမှာ Snapdragon 665 ချစ်ပ်ဆက်နဲ့ 6GB RAM မန်မိုရီ အသုံးပြုထားပြီး ရှေ့မှာတော့ Reno3 5G လိုပဲ 6.44” AMOLED Display နဲ့ပါ။ နောက်ဘက်ကင်မရာလေးလုံးက 48MP f/1.7 အဓိက Sensor ကို 8MP Ultrawide + 2MP Macro + 2MP Depth Sensor တွေနဲ့ တွဲထားတယ်။ ဆဲလ်ဖီးကင်မရာက 16MP f/2.0 Lens တစ်ခုတည်းပါ။

ဒီဖုန်းကို ColorOS 7.1 နဲ့ပဲ အသုံးပြုရမှာဖြစ်ကာ 4,025 mAh ဘက္ထရီကြီးဟာ USB-C Type နဲ့လာပေမယ့် အားအမြန်သွင်းစနစ်တော့ မပါလာပါဘူး။ Oppo Reno3 A ဟာ အဖြူနဲ့ အနက်ရောင်နှစ်မျိုးဖြင့် ထွက်ရှိလာပြီး ဂျပန်ယန်း ၃၉၈၀၀ (မြန်မာငွေ ငါးသိန်းဝန်းကျင်) ကျသင့်ပါတယ်။

Ref – GSMArena