OPPO Reno3 5G နဲ့ Reno3 Pro 5G ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံဈေးကွက်ထဲမှာ ကြေညာခဲ့တာပါ။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်မှာတော့ Reno3 Pro ကိုတောင် မတ်လ ဒုတိယပတ်မှ ဝယ်ယူနိုင်ကြတာပါ။ နိုင်ငံတကာဈေးကွက်ကို ဖြန့်တဲ့ Reno3 Pro က 5G အမျိုးအစားမဟုတ်ပါဘူး။

အခုလည်း တရုတ်မှာရောင်းချနေတဲ့ 5G မော်ဒယ်နဲ့ မတူတဲ့ International vanilla Reno3 ကို ထပ်ပြီး တွေ့ရပြန်ပါပြီ။ OPPO Reno3 ဟာ 6.4-inch 1080 x 2400px resolution နဲ့ ဖြစ်ပါတယ်။ 20:9 aspect ratio အမျိုးအစားပါ။ Waterdrop notch အမျိုးအစားနဲ့လည်း ဖြစ်ပါတယ်။

Waterdrop Notch ထဲက Selfie ကင်မရာက 44MP sensor ဖြစ်ပါတယ်။ Global Reno3 Pro နဲ့ အတူတူပါပဲ။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ (f/1.8), 13MP 2x telephoto ကင်မရာ (f/2.4) နဲ့ 8MP F/2.2 ultrawide ကင်မရာ၊ 2MP monochrome depth sensor တွေ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

OPPO Reno3 မှာအသုံးပြုထားတဲ့ Chipset က Heilo P90 ဖြစ်ပြီး 8GB of RAM နဲ့ တွဲဖက်ထားတာပါ။ သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,025mAh ဖြစ်ပြီး VOOC 3.0 Flash charge အမျိုးအစား ထောက်ပံ့ပေးထားပါတယ်။ Glaobal Reno3 ကို ဈေးနှုန်းဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာတော့ မသိရသေးပါဘူး။

Ref: GSM Arena