တရုတ်မှာ OPPO က ဒီဇင်ဘာလမှာ Reno3 Series ကို ကြေညာခဲ့ပြီး Pro မော်ဒယ်မှာ 5G Chipset ပါလာပါတယ်။ အခုတော့ ကုမ္ပဏီက 5G မပါတဲ့ OPPO Reno3 Pro ကို ချပြလိုက်ပြီး OLED မျက်နှာပြင်မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အဲဒီဖုန်းမှာ အသစ်စက်စက် ကြေညာထားတဲ့ Mediatek Helio P95 Chipset မောင်းနှင်ထားပြီး Octa-core CPU ပါပါတယ်။ 8GB RAM ထည့်ထားပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Storage မြှင့်တင်ဖို့ microSD Card စိုက်နိုင်ပါတယ်။

၆.၅ လက်မ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ 20:9 Aspect Ratio သုံးထားတဲ့အတွက် မျက်နှာပြင် ရှည်လျားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ အနောက်ဘက် ဒီဇိုင်းက 5G မော်ဒယ်နဲ့ တော်တော်တူပေမယ့် 4G မော်ဒယ်ရဲ့ ပင်မ ကင်မရာကို 64MP နဲ့ အဆင့်မြှင့်ထားပါတယ်။ တခြား ကင်မရာတွေက တူညီပြီး 13MP Telephoto (2x Optical Zoom) , 8MP Ultrawide နဲ့ 2MP Monochrome Depth-Sensor တွေ ဖြစ်ပါတယ်။

Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါလာပြီး ပင်မ ဆဲလ်ဖီး ကင်မရာဟာ လက်ရှိထွက်ထားသမျှ ဖုန်းတွေထဲမှာ Resolution အမြင့်ဆုံးပါ။ 44MP ဖြစ်ပြီး 2MP Depth Sensor နဲ့ အားဖြည့်ထားပါတယ်။ OPPO ရဲ့ ဖုန်းတွေဟာ အားအမြန်သွင်းတဲ့ နည်းပညာမှာ တော်တော် နာမည်ကြီးပြီး အခုဖုန်းမှာလည်း 30W Charging အထိ ထောက်ပံ့တဲ့ VOOC Flash Charge 4.0 ပါလာပါတယ်။ အရွယ်ကြီး 4,025mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Reno3 Pro မှာ Android 10 အခြေပြု ColorOS 7 မောင်းနှင်ထားပြီး 8/128GB မော်ဒယ်ကို မတ်လ ၆ ရက်နေ့မှာ ရောင်းမှာပါ။ အဲဒီမော်ဒယ်ကို ၂၉,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၉ သောင်းလောက်ရှိပါတယ်။ 8/256GB မော်ဒယ်ကို ၃၂,၉၉၀ ရူပီး သတ်မှတ်ထားပြီး ရောင်းမယ့်နေ့ကို မသိရသေးပါဘူး။ မြန်မာငွေ ၆ သိန်း ၅ သောင်းလောက်ရှိပါတယ်။ Auroral Blue , Midnight Black နဲ့ Sky White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena