[Unicode]

OPPO က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ Reno3 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ အရောင်တွေထဲမှာ Classic Blue က အလန်းဆုံးပါ။ အခုတော့ အဲဒီ အရောင်ကို OPPO ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ၄,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၈၀,၀၀၀ လောက်ရှိပါတယ်။ ပထမဆုံး Flash Sale ကို ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှာ ရောင်းပေးမှာ ဖြစ်ပါတယ်။

Classic Blue Reno3 Pro ရဲ့ အနောက်ဘက်ကို တခြား မော်ဒယ်တွေနဲ့ မတူအောင် ဖန်တီးထားပါတယ်။အနောက်ဘက်မှာ Classic Blue စာသားကို ကင်မရာတွေရဲ့ အောက်မှာ ထင်ထင်ရှားရှား ရေးထွင်းထားပါတယ်။ 12GB RAM / 256GB Storage နဲ့ 8GB RAM / 128GB Storage တွေ ထုတ်လုပ်ပေးထားပြီး ဘူးခွံက ထူးခြားပါတယ်။

OPPO Reno3 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီဖုန်းမှာ Qualcomm Snapdragon 765G Chipset မောင်းနှင်ထားပြီး 5G Modem ပါပါတယ်။ VOOC 4.0 နည်းပ့ညာပါတဲ့ 4,025mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးထည့်သွင်းထားပြီး 48MP ပင်မ ကင်မရာ ပါပါတယ်။

Ref : gizmochina

[Zawgyi]

OPPO Reno3 Pro ရဲ့ Classic Blue အရောင်ကို ရောင်းပြီ




Ref : gizmochina