OPPO ရဲ့ Reno Series စမတ်ဖုန်းတွေဟာ တစ်နှစ်ကို ၂ မျိုးလောက်ကို မိတ်ဆက်နေတာဖြစ်ပြီး အခုလည်း တရုတ်နိုင်ငံတွင်းမှာ OPPO Reno4 Series စမတ်ဖုန်းတွေဖြစ်တဲ့ Reno4 နဲ့ Reno4 Pro ဖုန်းတွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ OPPO Reno4 Series ဖုန်းတွေဟာ Qualcomm Snapragon 765G ၊ 65W Fast Charging ၊OLED Display နဲ့ Triple Camera Setup ကိုအသုံးပြုလာတာဖြစ်ပြီး OPPO Reno3 Series ထက် တချို့နေရာတွေမှာ သိသိသာသာကိုတိုးတက်လာတယ်လို့ ပြောရမှာပါ။

အရင်ဆုံး Reno4 Pro ဖုန်းမှာ Camera Setup အနေနဲ့ 48MP Primary Sensor ၊ 5x Hybrid Optical Zoom နဲ့ 20x Digital Zoom Support ပေးနိုင်တဲ့ 13MP Telephoto Sensor နဲ့ 12MP Ultrawide Sensor ပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း 6.5″ Full HD+ 90Hz Refresh Rate Curved AMOLED Display နဲ့ Selfie Camera ကိုတော့ 32MP Sensor ကို Single Punch-hole Design နဲ့ ထည့်သွင်းပေးထားပါတယ်။

Reno4 ဖုန်းမှာကတော့ Camera Setup အနေနဲ့ 48MP Primary Sensor ၊ 8MP Ultrawide နဲ့ 2MP Depth Sensor တွေပဲပါဝင်မယ့် Camera Setup ကိုထည့်သွင်းထားပြီးတော့ Display အနေနဲ့ 6.4″ Full HD+ AMOLED Display ကိုပဲ 32MP + 2MP Depth Sensor ကို Dual Punch-hole Design နဲ့ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Reno4 Series ဖုန်းတွေဟာ Qualcomm Snapdragon 765G နဲ့ RAM 12GB ၊ 256GB Storage အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ 5G ကိုလည်း Support ပြုလုပ်နိုင်တဲ့အပြင် Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 ကို အသုံးပြုထားမှာပါ။

Battery အနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 65W SuperVOOC 2.0 Fast Charging ကို ဖုန်း ၂ လုံးစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ 65W Fast Charging ဟာ 0-60% ကို ၁၅ မိနစ်နဲ့ 0-100% ကို ၃၆ မိနစ်အတွင်း ပြန်လည်အားဖြည့်ပေးနိုင်မယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ OPPO Reno4 ဖုန်းဟာ RAM 8GB + 128GB Version ကို 2,999 Yuan (မြန်မာငွေ ၆ သိန်းဝန်းကျင်) ၊ RAM 8GB + 256GB ကိုတော့ 3,299 Yuan (မြန်မာငွေ ၆ သိန်းခွဲဝန်းကကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး Reno4 Pro ဖုန်းကိုတော့ RAM 8GB + 128GB Version ကို 3,799 Yuan (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) နဲ့ RAM 12GB + 256GB Version ကိုတော့ 4,299 Yuan (မြန်ာမငွေ ၈ သိန်းခွဲဝန်းကျင်) နဲ့ လာမယ့် ဇွန်လ ၁၂ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena