OPPO ကနေ ယခုနှစ်အတွင်းမှာ Find X2 Series Flagship ဖုန်းတွေအပြင် Reno4 Series ဖုန်းတွေကိုပါ ဆက်တိုက် မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာ ပုံမှန် Reno4 ၊ Reno4 Pro ဖုန်းတွေအပြင် Reno4 SE နဲ့ Reno4 Z ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်သလို နောက်ထပ် Reno4 ဖုန်းသစ်တစ်မျိုးကိုလည်း မိတ်ဆက်တော့မှာပါ။

အဆိုပါ Reno4 Series ဖုန်းကိုတော့ Reno4 F လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ယခု Reno4 F ဖုန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေသိရှိရခြင်းမရှိသေးပေမယ့် လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ MySmartPrice ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Indonesia နိုင်ငံမှာ အစောဆုံးမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Tagline အနေနဲ့ “The Ultra Sleek & Ultra Light Smartphone” လို့ ရေးသားထားတဲ့အတွက် အဓိကအနေနဲ့ ပါးလွှာပေါ့ပါးတဲ့ကိုယ်ထည်ကို အဓိကထားသွားမယ့်ပုံစံပါပဲ။

ဒါ့အပြင် OPPO ကနေ ဖော်ပြခဲ့တဲ့ Teaser Video အရ Quad Camera Setup ပါဝင်မှာဖြစ်ပြီး အရှေ့ဘက်မှာတော့ Dual Selfie Camera Setup ကို Punch-hole Design နဲ့ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Reno4 Pro လိုမျိုး Curved Display အစား ပုံမှန် Flat AMOLED Display ပဲပါဝင်လာမှာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေတာကတော့ Reno4 F စမတ်ဖုန်းဟာ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Reno4 SE ကိုပဲ နာမည်ပြောင်းလဲပြီး မိတ်ဆက်လာဖို့များနေပါတယ်။

Ref – Giz China