OPPO Reno4 Pro သည် နေ့မိုက်ညချော OPPO Reno4 ၏ စွမ်းဆောင်ရည်များကို အဆင့်မြင့်ထားသည့် Upgraded Version အဖြစ် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Sense the Infinite” ဟူသော ဆောင်ပုဒ်နှင့်အတူ ထူးခြားဆန်းသစ်သော စွမ်းဆောင်ရည်၊ အဆင့်မြင့်သော မျက်နှာပြင်နှင့် စိတ်ကျေနပ်ဖွယ် စမတ်ဖုန်းအတွေ့အကြုံများကို ပေးစွမ်းနိုင်သည့် OPPO Reno4 Pro ကို စက်တင်ဘာလ (၉) ရက်နေ့တွင် မြန်မာနိုင်ငံဈေးကွက်သို့ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း OPPO မှ သတင်း ထုတ်ပြန်လိုက်သည်။

OPPO Reno4 Pro တွင် အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးပြုလုပ်ထားသော 6.5-inch 3D ကွေးညွတ်သောမျက်နှာပြင် နှင့် 90Hz Super AMOLED Display တို့ကို တပ်ဆင်ထားပြီး စွမ်းဆောင်မှုအလွန်ကောင်းမွန်သည့် 4000mAh Battery နှင့် 65W Super VOOC 2.0 Flash Charging စနစ်ပါဝင်သည်။ OPPO Reno4 Pro ကို ခေတ်မီသော အရောင်များဖြစ်သည့် မှောင်မိုက်သောညအချိန်တွင် လင်းလက်တောက်ပနေသော ကြယ်များ၏ အသွင်ကိုဖော်ဆောင်ပေးသည့် Starry Night အရောင် နှင့် ဖြူစင်နူးညံ့တောက်ပြောင်သည့် Silky White အရောင် ဟူ၍ အရောင်ပြေး (၂) ရောင်တို့ကို ရွေချယ်နိုင်ပြီး မြန်မာငွေ ၆၉၉,၉၀၀ ကျပ်ဖြင့် စက်တင်ဘာလ (၉) ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့ပြင် OPPO Reno4 Pro ဝယ်ယူသူများအတွက် ဒီဇိုင်းဆန်းသစ်၍ သယ်ဆောင်ရလွယ်ကူသည့် သစ်သီးဖျော်စက်များအပြင် Mytel Up to 20 G + 2000 Minutes on-net လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

OPPO Reno4 Pro သည် ဈေးနှုန်းတူ ဖုန်းများထဲတွင် အပါးလွှာဆုံးကိုယ်ထည်နှင့် 3D Curved Screen အပြင် ကမ္ဘာ့အားသွင်းအမြန်ဆုံးစနစ် ပါဝင်သည့် တစ်ခုတည်းသော စမတ်ဖုန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဗို့အားနည်း အမြန်အားသွင်းနည်းပညာဖြစ်သော 65W Super VOOC 2.0 Flash Charging လုပ်ဆောင်ချက် ပါဝင်သောကြောင့် ၃၆ မိနစ် အားသွင်းရုံဖြင့် အားအပြည့် သွင်းနိုင်ပြီး အပူချိန်မြင့်တက်မှုကို လျှော့ချနိုင်ရုံသာမက ၅ မိနစ် အားသွင်းရုံဖြင့် ၄ နာရီကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO Reno4 Pro တွင် အလွန်မြင့်မားသော 90Hz Screen Refresh Rate ထည့်သွင်းထားသောကြောင့် Screen Display အသုံးပြုမှုများကို ပိုမိုလျင်မြန်ချောမွေ့ စေမည်ဖြစ်သည်။ 7.7mm သာရှိသည့် အလွန်ပါးလွှာသော ဖုန်းကိုယ်ထည်အပြင် အလေးချိန် 161g သာ ရှိသောကြောင့် အလွန်ပေါ့ပါးပြီး သုံးစွဲသူများအနေဖြင့် ဖုန်း၏ လေးလံမှုဒဏ်မှ ကင်းဝေးစေသည့်အတွက် အချိန်ကြာရှည်စွာ အသုံးပြု နိုင်မည်ဖြစ်ကာ ပိုမို အဆင့်မြင့်သော အသွင်အပြင်ရရှိစေမည်ဖြစ်သည်။

နေ့မိုက်ညချော OPPO Reno4 ကို အဆင့်မြှင့်ဆန်းသစ်ထားသော OPPO Reno4 Pro Version တွင် 32MP Front Camera (Sony sensor IMX616) နှင့် 48MP Main Camera (Sony sensor IMX586) ၊ 8MP Ultra Wide Angle Camera၊ 2MP Macro Camera နှင့် 2MP Mono Camera ဟူ၍ Rear Camera ၄ လုံး ပါရှိသည်။ ထို့ပြင် 8GB RAM နှင့် 256 ROM ပါရှိပြီး Qualcomm Snapdragon 720G Processor ဖြင့် ပံ့ပိုးထားကာ AI Color Portrait, Night Flare Portrait စသည့် ထူးခြား ဆန်းသစ်သော ကင်မရာ Feature များအပြင် 960fps Smart Slow Motion နှင့် Ultra Steady Video 3.0 ပါဝင် သောကြောင့် နေ့အချိန် ညအချိန် (၂) ခုလုံးတွင် ဓာတ်ပုံနှင့် ဗီဒီယိုများကို ဖန်တီးမှုကောင်းမွန်ပြီး ကြည်လင် ပြတ်သားသော ပုံရိပ်များဖြင့် ရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။

OPPO Reno4 Series နှင့်အတူ ပွဲဦးထွက်လာသည့် Colour OS 7.2 ကို OPPO Reno4 Pro တွင် ထည့်သွင်းထားသည့် အတွက် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော User Friendly Experience ကို ဖန်တီးပေးမည့်အပြင် Super Power Saving Mode ဖြင့် ဖုန်းဘက်ထရီကြောင့် စိုးရိမ်ရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ Super Power Saving Mode ကို ဖွင့်ပြီးနောက် အမှန်တကယ် ဆက်လက်အသုံးပြုနိုင်မည့်အချိန်ကို ပြသပေးမည်ဖြစ်ကာ ဘက်ထရီ 5% ဖြင့် ၆၀ မိနစ်ကြာ Viber or Messenger အသုံးပြုခြင်းဖြစ်စေ၊ ၃၅ မိနစ်ကြာ GPS လမ်းညွှန်မှု အသုံးပြုခြင်းဖြစ်စေ၊ နာရီ ၂၀ ကြာ Standby အသုံးပြုနိုင်ခြင်းဖြစ်စေ စသည့် လုပ်ဆောင်ချက်များကို ရွေးချယ်ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် OPPO Lab သည် ဆုံးဖြတ်ချက်ချရာတွင် လွယ်ကူစေမည့် Decision Spinner နှင့် ကိုယ်ပိုင်တီးလုံးသံစဉ်များကို ဖန်တီးပြုလုပ်နိုင်မည့် Lab Ringtone စသည့် Function (၂) မျိုးကို ပံ့ပိုးပေးထားသည့်အပြင် OPPO Reno4 Pro ဖြင့် အကောင်းဆုံးသော Screen Recording နှင့် Audio Recording များကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Colour OS 7.2 ၏ feature တစ်ခုဖြစ်သော AI App Pre-launch ဖြင့် သုံးစွဲသူများသည် ၎င်းတို့၏ အသုံးအများ App များကို အသုံးမပြုခင် နောက်ခံတွင် ကြိုတင် Pre-load ပြုလုပ်ကာ အသုံးပြုရန် App ကို ဖွင့်သောအခါ ပိုမိုလျင်မြန်စွာ Launch လုပ်နိုင်မည်ဖြစ်သည်။ OPPO Reno4 Pro နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO Reno4 Pro Website Page နှင့် OPPO Myanmar ၏ Facebook Page တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

နေ့မိုက်ညချော OPPO Reno4 ကို ဩဂုတ်လ (၃၀) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် စတင်ရောင်းချပေးခဲ့ပြီး ဝယ်ယူသူများနှင့် Tech Reviewer များထံမှ စိတ်ဝင်စားမှု အများအပြား ရရှိခဲ့သည်။ ယခုအခါတွင် နေ့မိုက်ညချော OPPO Reno4 ၏ အဆင့်မြင့်ဆန်းသစ်ထားသည့် Upgraded Version ဖြစ်သော OPPO Reno4 Pro ကို မြန်မာငွေ ၆၉၉,၉၀၀ ကျပ်ဖြင့် စက်တင်ဘာလ (၉) ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး သစ်သီးဖျော်စက်နှင့် Mytel Up to 20 G + 2000 Minutes on-net လက်ဆောင်များ ရယူနိုင်ပြီဖြစ်သည်။

Source – OPPO Myanmar