OPPO ဟာ Reno4 Pro 5G ကို တရုတ်ပြင်ပ နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကုမ္ပဏီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမယ့် ဒီလိုပြောနိုင်တဲ့အကြောင်းကို ထိုင်ဝမ် NCC ရဲ့ Listing တွေမှာ တွေ့မြင်နေရပါတယ်။

NCC မှာ OPPO Reno4 Pro ကို မော်ဒယ်နံပါတ် OPPO CPH 2089 နဲ့အတူ အနက်ရောင် ဗားရှင်းသစ်အဖြစ် တွေ့မြင်ရတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်ပြည်တွင်းဈေးကွက်မှာလည်း မရှိသေးပါဘူး။ ဒီဇိုင်းပိုင်းအားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ တရုတ်ပြည်တွင်းဈေးကွက်က အမျိုးအစားနဲ့ တူညီနေတယ်လို့ ဆိုရမှာပါ။

မတူညီတဲ့ရှုထောင့်တွေက ရိုက်ကူးထားတဲ့ OPPO Reno4 Pro ရဲ့ ပကတိပြင်ပပုံတွေကိုလည်းတွေ့မြင်ရတဲ့အတွက် ဒီဟန်းဆက်နဲ့ပတ်သက်ပြီး သိသင့်တာအချို့လည်း သိခွင့်ရလိုက်ပြန်ပါတယ်။ ဓါတ်ပုံတစ်ပုံမှာ USB-C earbuds တွေနဲ့ 50W Fast-charger ကိုလည်း တွေ့မြင်ရပါတယ်။ Logo ဒီဇိုင်းပိုင်းမှာလည်း တရုတ်မော်ဒယ်နဲ့ မတူညီတာကို တွေ့မြင်နိုင်ပါတယ်။

တရုတ်မော်ဒယ်တွေမှာ “Reno Glow” အဖြစ်တွေ့မြင်ရပေမယ့် ဒီတစ်ခုမှာတော့ “o” နဲ့ “p” ကို ပေါင်းစပ်ထားတဲ့ Logo ဒီဇိုင်းသစ် ဖြစ်ပါတယ်။ ထပ်ပြီးတွေ့နိုင်တာက ဒီဟန်းဆက်မှာ 12GB of RAM နဲ့ 256GB storage ထောက်ပံ့ထားတယ်ဆိုတာပါပဲ။ OPPO Reno4 Pro တရုတ်ဗားရှင်းကတော့ Snapdragon 765G chipset နဲ့ဖြစ်ပြီး 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်တာလည်း ဖြစ်ပါတယ်။

စမတ်ဖုန်းဟာ Android 10 အခြေခံထားတဲ့ Color OS 7.2 နဲ့ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပါတယ်။ ဒါကိုမှ 65W Super VOOC 2.0 charging လည်း ထောက်ပံ့ပေးထားတာပါ။ 6.5-inch မျက်နှာပြင်မှာ Punch-hole နဲ့အတူ 32MP selfie ကင်မရာတစ်လုံးလည်း ပါဝင်ပါတယ်။ ကျောဘက်မှာ တော့ 48MP အဓိကကင်မရာအပါအဝင် 12MP ultrawide နဲ့ 13MP telephoto ကင်မရာတွေကို တပ်ဆင်ပေးထားပါတယ်။ ဈေးနှုန်းကတော့ 12GB/256GB ကို $606 (၈ သိန်း ၃ သောင်းဝန်းကျင် ) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSM Arena