OPPO က ထိုင်ဝမ်မှာ Reno4 Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Reno4 Z 5G လို့ နာမည်ပေးထားပြီး အဲဒီဖုန်းကို မှတ်ပုံတင်ထားတဲ့ သတင်းတွေ ပြီးခဲ့တဲ့ လက ထွက်ခဲ့ပါတယ်။ Reno4 Z 5G ဟာ တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ OPPO A92s ကို နာမည်ပြောင်း ရောင်းချလိုက်တာဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးဟာ နာမည်နဲ့ Memory Configuration က လွဲပြီး ကျန်တဲ့ Specs အားလုံးက တူညီကြပါတယ်။ Reno4 Z 5G အတွက် 8GB RAM / 128GB Storage Version ၁ မျိုးပဲ ထုတ်လုပ်ပေးထားပြီး ပန်းရောင် မပါလာပါဘူး။

ဧပြီလက ကြေညာခဲ့တဲ့ A92s မှာလိုပဲ Reno4 Z 5G မှာ MediaTek Dimensity 800 Chipset မောင်းနှင်ထားပါတယ်။ ၆.၅၇ လက်မ 1080×2400 20:9 LCD ထိတွေ့မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ကြောင့် ဂိမ်း ကစားရင် တော်တော် မိုက်မှာပါ။

ကင်မရာတွေ အကြောင်း ပြောရရင် အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Main နဲ့ 2MP Depth Punch Hole ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာပြီး Android 10 အခြေပြု ColorOS 7.1 ထောက်ပံ့ထားပါတယ်။ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး မကြာခင်  တခြားနိုင်ငံတွေမှာ ရောင်းချဖွယ်ရှိပါတယ်။ ထိုင်ဝမ် ဒေါ်လာ ၁၂,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : gsmarena