OPPO ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ အစောပိုင်းတုန်းက 5G Version OPPO Reno5 နဲ့ Reno5 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း OPPO ကနေ Reno5 4G Version စမတ်ဖုန်းအသစ်ကို တိတ်တဆိတ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

OPPO Reno5 4G မှာ ထူးခြားနေတဲ့အချက်ကတော့ Processor ပိုင်းကို OPPO Reno4 4G မှာအသုံးပြုထားခဲ့တဲ့ Qualcomm Snapdragon 720G Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသောအပိုင်းတွေမှာတော့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားတာကို တွေ့ရပါတယ်။ RAM 8GB နဲ့ Storage ပိုင်းမှာ 128GB ပါဝင်မှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့လည်း 6.4″ AMOLED Display ကို 90Hz Refresh Rate အပြင် 180Hz Touch Sampling Rate အထိ အဆင့်မြှင့်တင်ထားခဲ့ပါတယ်။ Resolution အနေနဲ့ Full HD+ ပဲဖြစ်ပေမယ့် Color Accuracy ပိုင်းမှာ 100% sRGB အထက်နဲ့ 93% DCI-P3 Color Gamut တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Audio ပိုင်းမှာလည်း Dolby Atmos support ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

နောက်ထပ် Camera ပိုင်းကိုလည်း Primary Sensor ကို Aperture f1.7 ရှိတဲ့ 64MP Sensor ၊ 8MP Ultrawide Sensor ၊ 2MP Mono Sensor နဲ့ 2MP Macro Sensor တွေကို ထည့်သွင်းထားပါတယ်။ Selfie Camera ကိုလည်း 44MP Sensor အထိ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ Camera Feature တွေအနေနဲ့ကတော့ Super Night Mode နဲ့ Live HDR လိုမျိုး Feature အသစ်တွေထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းမှာတော့ 4300mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging အနေနဲ့ 30W ကနေ 50W အထိ အဆင့်မြှင့်တင်ထားခဲ့ပါတယ်။ အဲ့ဒီအတွက် 0-100% အထိ အားသွင်းဖို့ကို အချိန် ၄၈ မိနစ်ပဲ ကြာမြှင့်မှာပါ။

OPPO Reno5 4G ဟာ အရင်ဆုံး Vietnam စျေးကွက်မှာ မိတ်ဆက်ထားပြီးတော့ စျေးနှုန်းအနေနဲ့ VND 8,690,000 (မြန်မာငွေ ၅ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်တဲ့အတွက် တခြားသော စျေးကွက်တွေမှာလည်း မကြာခင်မိတ်ဆက်လာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena