OPPO ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံမှာ Reno5 5G နဲ့ Reno5 Pro 5G ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် OPPO ဟာ အဆိုပါ Reno 5G Series ဖုန်းတွေကို တရုတ်နိုင်ငံပြင်ပ Global စျေးကွက်ကိုပါ ရောင်းချခြင်းမရှိသေးပါဘူး။

အဲ့ဒီအစား Global စျေးကွက်အတွက် Specification အနည်းငယ်ပြောင်းလဲထားတဲ့ Reno 4G Series ဖုန်းတွေကိုပဲ မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Vietnam နိုင်ငံမှာ Reno5 4G စမတ်ဖုန်းကို မိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ သတင်းကောင်းအနေနဲ့ OPPO ကနေ တရုတ်နိုင်ငံအတွင်းမှာပဲ ရောင်းချနေတဲ့ Reno5 5G နဲ့ Reno5 Pro 5G ဖုန်းတွေကို Global စျေးကွက်ကို ယူဆောင်လာတော့မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာအဆိုပါ ဖုန်းတွေဟာ Thailand ရဲ့ National Broadcasting and Telecommunications Commission (NBTC) ၊ Taiwan ရဲ့ National Communications Commission (NCC) ၊ Singapore ရဲ့ Infocomm Media Development Authority (IMDA) နဲ့ India ရဲ့ Bureau of Indian Standards (BIS) တွေရဲ့ Certification ကို ရရှိပြီးဖြစ်ပါတယ်။

အဆိုပါ OPPO Reno5 5G ဖုန်ဟာ Global စျေးကွက်မှာ Model Numver CPH2145 နဲ့ ဝင်ရောက်လာမှာဖြစ်ပြီး Reno5 Pro 5G ဖုန်းအနေနဲ့ကတော့ CPH2201 အနေနဲ့ ဝင်ရောက်လာမယ်လို့ သိရပါတယ်။ Reno5 Pro 5G ဖုန်းကိုလည်း Geekbench မှာ တွေ့ရှိခဲ့ရပြီး MediaTek Dimensity 1000+ Chipset နဲ့ RAM 8GB ကိုပဲ သုံးစွဲလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး OPPO အနေနဲ့ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချနေတဲ့ Reno5 5G Series ကို Global စျေးကွက်အတွက် ယူဆောင်လာဖို့စီစဥ်နေတယ်ဆိုပေမယ့် Reno5 Pro+ 5G ဖုန်းကိုတော့ တရုတ်နိုင်ငံမှာပဲ ဆက်လက်ရောင်းချသွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena