သတင်းများစွာ ထွက်နေတဲ့ OPPO Reno5 5G နဲ့ Reno5 Pro 5G ကို တရားဝင်  ကြေညာလိုက်ပါပြီ။ အဲဒီဖုန်း ၂ လုံးဟာ အများစုတူညီကြပြီး အဓိက ကွာခြားချက်က Chipset ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Android 11 အခြေပြု ColorOS 11 မောင်းနှင်ထားပါတယ်။

Oppo Reno5 5G and Reno5 Pro 5G unveiled with 90 Hz OLED screens, 64 MP cams, 65W charging

Pro မှာ MediaTek Dimensity 1000+ Chipset မောင်းနှင်ထားပါတယ်။ 8/128GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၃,၄၀၀ ယွမ်နဲ့ ၃,၈၀၀ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၆ သိန်း ၈ သောင်းနဲ့ ၇ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Oppo Reno5 5G and Reno5 Pro 5G unveiled with 90 Hz OLED screens, 64 MP cams, 65W charging

ရိုးရိုး မော်ဒယ်မှာ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8/128GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၂,၇၀၀ ယွမ်နဲ့ ၃,၀၀၀ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၅ သိန်း ၄ သောင်းနဲ့ ၆ သိန်းလောက် အသီးသီး ကျသင့်မှာပါ။

Oppo Reno5 5G and Reno5 Pro 5G unveiled with 90 Hz OLED screens, 64 MP cams, 65W charging

နောက်ထပ် ကွဲပြားချက် ၁ ခုက မျက်နှာပြင်ပါ။ Pro မှာ ပိုကြီးတဲ့ ၆.၅၅ လက်မနဲ့ ရိုးရိုးမှာ ၆.၄၃ လက်မ မျက်နှာပြင်တွေ ပါလာပြီး ၂ လုံးစလုံးမှာ OLED , 1080p+ Resolution နဲ့ 90Hz Refresh Rate ထည့်ထားပါတယ်။

၂ လုံးစလုံးရဲ့ Storage က UFS 2.1 နဲ့ RAM က LPDDR4x ဖြစ်ပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် 64MP Main (EIS) , 8MP Ultrawide Angle , 2MP Macro နဲ့ 2MP Depth ၄ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး 4K 30fps ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Face Unlock ထောက်ပံ့ထားပါတယ်။

Oppo Reno5 5G and Reno5 Pro 5G unveiled with 90 Hz OLED screens, 64 MP cams, 65W charging

၂ လုံးစလုံးမှာ 4,300mAh ဘက်ထရီနဲ့ SuperVOOC 2.0 Charging ပါပြီး အမြင့်ဆုံး 65W Speed ကို ထောက်ပံ့ပေးပါတယ်။ Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ USB-C Port ကနေ အားသွင်းနိုင်ပြီး Pro မှာ Headphone Jack လိုပါ သုံးနိုင်ပါတယ်။ ရိုးရိုးမှာတော့ သမားရိုးကျ 3.5mm Jack ပဲ တပ်ဆင်ထားပါတယ်။ Pro ရဲ့ အားသာချက်နောက် ၁ ခုက WiFi 6 နဲ့ NFC ပါလာတာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်မှာ WiFi 5 ပါပေမယ့် NFC မထည့်ထားပါဘူး။ SIM Slot ၂ ခုပါပေမယ့် ပထမ ၁ ခုမှာပဲ 5G ထောက်ပံ့ပြီး microSD Card မစိုက်နိုင်ပါဘူး။ ၂ လုံးစလုံးကို တရုတ်က JD.com မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။

Ref : gsmarena