OPPO ကနေ မြန်မာနိုင်ငံစျေးကွက်အတွက် Camera Feature ပိုင်းကို သေချာအာရုံစိုက်ထားတဲ့ Reno5 စမတ်ဖုန်းကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ OPPO Reno Series စမတ်ဖုန်းတွေဟာ ထူးခြားတဲ့ Camera Feature တွေနဲ့ အောင်မြင်ခဲ့သလိုမျိုးပဲ အခု Reno5 စမတ်ဖုန်းမှာလည်း တခြားစမတ်ဖုန်းတွေကနေ ကွဲထွက်နေတဲ့အဓိက Camera Feature တွေပါဝင်နေပါတယ်။

OPPO Reno5 မှာပဲ ပါဝင်တဲ့ Camera Feature အလန်းစားတွေထဲမှာမှ တခြားဖုန်းတွေမှာ လုံးဝအသုံးပြုနိုင်ခြင်းမရှိသေးတဲ့ AI Mixed Portrait Feature အကြောင်းကို ယခု Article မှာ အနည်းငယ်ရှင်းပြသွားမှာဖြစ်ပါတယ်။ AI Mixed Portrait Feature ဟာ လက်ရှိ စမတ်ဖုန်းတွေမှာ ရိုက်ကူးနိုင်နေတဲ့ Portrait Camera Feature ကို လုံးဝအသွင်ပြောင်းလဲဆန်းသစ်နိုင်ခဲ့တာဆိုလည်း မမှားပါဘူး။

AI Mixed Portrait Mode က ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတော့ နောက်ခံ Background တစ်ခုနဲ့ ရိုက်ကူးမယ့် Subject ကို ပေါင်းစပ်ပြီး အများဆုံး ၁၅ စက္ကန့်အထိ Video ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ ဒီလိုမျိုး Portrait Mixing Feature ဟာ ဓါတ်ပုံလောကမှာ Dual Exposure နည်းပညာလို့လည်း ခေါ်ဆိုကြပြီး Video အနေနဲ့ စမတ်ဖုန်းပေါ်မှာ အလွယ်ကူဆုံးရိုက်ကူးနိုင်တာက OPPO Reno5 စမတ်ဖုန်းတစ်လုံးမှာပဲ ဆောင်ရွက်နိုင်သေးတာဖြစ်ပါတယ်။

ဒီလိုမျိုး Subject နဲ့ Background ကို ပေါင်းစပ်တဲ့ Video ကိုလည်း Mode ၂ မျိုးနဲ့ ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါကတော့ နောက်ခံ ရှုခင်း Background နဲ့ လူ Subject ကို အလှပဆုံးပေါင်းစပ်နိုင်တဲ့ Blend Mode နဲ့ လူ Subject အချင်းချင်း အရိပ်ပုံစံ Silhouette Mode ဆိုပြီး ၂ မျိုးခွဲခြားထားတာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ခံ ရှုခင်း Background အတွက် ကိုယ်တိုင် Video ရိုက်ကူးဖို့မလိုအပ်ဘဲ တခြား Album ထဲမှာ Download ရယူထားတဲ့ ရူခင်းတွေနဲ့လည်း ပေါင်းစပ်နိုင်တဲ့အတွက် အခုအချိန်မှာ သွားလာဖို့မလွယ်ကူသေးတဲ့နိုင်ငံရပ်ခြားက အထင်ကရနေရာတွေကို နောက်ခံထားပြီး Creative ဖြစ်ဖြစ်နဲ့ ရိုက်ကူးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် OPPO Reno5 ရဲ့ AI Mixed Portrait Feature အတိုင်း တခြားစမတ်ဖုန်းတွေနဲ့လိုက်လုပ်မယ်ဆိုရင် ကျိန်းသေပေါက်အလွယ်ပြုလုပ်နိုင်မှာမဟုတ်တဲ့အပြင် Video Editing Software တွေရဲ့ အကူအညီကိုပါရယူပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reno5 ဖုန်းအနေနဲ့ကတော့ AI Image Engine ပိုင်းစွမ်းဆောင်ရည်မြင့်မားတဲ့အတွက် ယခုလိုမျိုး အသုံးပြုသူတွေအနေနဲ့ ဘာမှဆောင်ရွက်စရာမလိုအပ်ဘဲ ၁၅ စက္ကန့်စာ Video ရိုက်ကူးလိုက်ရုံပဲဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ Video ရိုက်ကူးတဲ့ Creativity ကိုလည်း ပိုပြီး မြင့်မားစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး AI Mixed Portrait Feature နဲ့ ဆန်းသစ်တဲ့ TikTok Video တွေပဲဖြစ်ဖြစ်၊ Vlog Video တွေမှာ ထည့်သွင်းတာပဲဖြစ်ဖြစ် စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။

OPPO Reno5 ရဲ့ 64MP Primary Sensor ၊ 8MP Wide-Angle Sensor ၊ 2MP Macro Sensor နဲ့ 2MP Mono Sensor တွေပါဝင်တဲ့ Quad Camera Setup ဟာ AI Mixed Portrait Mode အပြင် တခြားသောအလန်းစား Video Feature တွေဖြစ်တဲ့ Dual-view Video နဲ့ AI Highlight Video တို့ ပါဝင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး Video ပိုင်းမှာဆိုရင် Video Bokeh ၊ Video Beautification ၊ Ultra Steady Video ၊ 960fps Smart Slow-motion နဲ့ Monochrome Video တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပြီး Photo ပိုင်းမှာလည်း 108MP Image Mode ၊ Ultra Night Mode ၊ Ultra Dark Mode ၊ AI Scene Enhancement ၊ AI Color Portrait နဲ့ Night Flare Portrait Mode တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီအချက်တွေက Camera ပိုင်း Feature စုံလင်ပြီး Creative ဖြစ်တဲ့ Video နဲ့ Photo တွေရိုက်ကူးချင်တဲ့သူတွေအတွက် OPPO Reno5 က အကောင်းမွန်ဆုံးရွေးချယ်မှု ဖြစ်လာစေပါတယ်။

OPPO Reno5 စမတ်ဖုန်းမှာ Snapdragon 720G Chipset နဲ့အတူ 50W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အရောင်တွေက Fantasy Silver နဲ့ Starry Black ဆိုပြီး ၂ ရောင် ရွေးချယ်နိုင်မှာဖြစ်သလို RAM 8GB + 128GB Storage ပါဝင်တဲ့အတွက်လည်း စွမ်းဆောင်ရည်ပိုင်းမှာ အဆင်ပြေစေမှာပါ။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ OPPO စမတ်ဖုန်းအရောင်းဆိုင်တွေနဲ့ Online ကနေဆိုရင် Shop.com.mm မှာ Delivery ခ ပေးစရာမလိုဘဲ မြန်မာငွေကျပ် ၄၉၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။