OPPO ကနေ အခုအချိန်မှာ Reno5 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ Reno5 Series ဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားနိုင်တယ်ဆိုပြီးလည်း သတင်းတွေထွက်ရှိနေပါတယ်။

အခုလည်း Reno5 Series စမတ်ဖုန်းတွေမှာ အသုံးပြုလာမယ့် Chipset တွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။ ဒါက နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရတော့ Reno5 Series ဖုန်းတွေဟာ Qualcomm Snapdragon 765G ၊ Snapdragon 865 နဲ့ MediaTek Dimensity 1000 Chipset တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Reno5 Series စမတ်ဖုန်းတွေဟာ ၃ မျိုးအထိ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ Reno5 Series စမတ်ဖုန်းတွေအကုန်လုံးမှာ Punch-hole Selfie Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Curved Display အပြင် High Refresh Rate ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။ အနည်းဆုံး Reno5 Series ဖုန်း ၂ လုံးကလည်း 65W Fast Charging စနစ်ကိုအသုံးပြုလာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Qualcomm ကနေ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ Snapdragon 875 အပြင် Snapdragon 775 Chipset ကိုပါ မိတ်ဆက်လာမှာဖြစ်တဲ့အတွက် ဒီလိုမျိုး Reno5 Series တွေက အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Gizmo China