မော်ဒယ်နံပါတ် PDSM00 နဲ့ PDST00 ပါတဲ့ OPPO  ဖုန်း ၂ လုံးကို TENAA မှာတွေ့လာရပြီ ဖြစ်ပြီး ဒါဟာ နောက်ထုတ်မယ့် OPPO Reno5 Pro 5G စမတ်ဖုန်း Version ၂ မျိုး ဖြစ်နိုင်ပါတယ်။ TENAA က စာရင်းမှာ Specs တချို့ကို ဖော်ပြထားပြီး အဲဒီ စမတ်ဖုန်း အသစ်မှာ ၆.၅၅ လက်မ မျက်နှာပြင်နဲ့ အရွယ်ကြီး ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။

TENAA က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ 2,125mAh ဘက်ထရီ ပမာဏပါမယ်လို့ ဖော်ပြထားတဲ့အတွက် 65W SuperVOOC 2.0 နည်းပညာကို ထောက်ပံ့နိုင်အောင် အဲဒီ 2,125mAh ဘက်ထရီ ၂ ခုကို တွဲစပ်ထားတဲ့ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် တကယ့် ဘက်ထရီ ပမာဏဟာ 4,250mAh ဖြစ်နိုင်ပြီး အရင်မျိုးဆက် စမတ်ဖုန်း ၂ လုံး ဖြစ်တဲ့ Reno3 Pro 5G နဲ့ Reno4 Pro 5G ရဲ့ 4,000mAh ဘက်ထရီထက် နည်းနည်း ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။

OPPO Reno5 Pro စမတ်ဖုန်း အသစ်ရဲ့ မျက်နှာပြင် အရွယ်အစားကို မသိရသေးပေမယ့် မျက်နှာပြင် အရွယ်အစားဟာ အရင်မျိုးဆက်ထက် ပိုရှည်လာမယ်လို့ ထင်ရပါတယ်။

OPPO Reno5 Pro ရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေ မကြာခင် ထွက်လာတော့မယ်လို့ ထင်ရပြီး အနောက်ကင်မရာ ၄ လုံး၊ ဘေးဘက်ကွေးညွှတ်တဲ့ မျက်နှာပြင်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena