OPPO ဟာ မကြာခင်မှာပဲ Reno5 စီးရီးကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပြီး၊ ဒီစီးရီးနဲ့ပတ်သက်တဲ့သတင်းအချို့ကလည်း ပေါက်ကြားထွက်ပေါ်နှင့်ပြီး ဖြစ်ပါတယ်။ Digital Chat Station ရဲ့ မျှဝေမှုနဲ့အတူ ဒီတစ်ခါထွက်ပေါ်လာတာကတော့ Reno5 စီးရီးဝင် မော်ဒယ်သုံးမျိုးရဲ့ အရှေ့ဘက်ခြမ်းကို မြင်တွေ့နိုင်တဲ့ ရုပ်ပုံတွေပဲ ဖြစ်ပါတယ်။

ဟန်းဆက်သုံးမျိုးစလုံးမှာ Punch-hole ကိုယ်စီပါရှိပြီး၊ နှစ်မျိုးကတော့ Curved screen နဲ့ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ရိုးရိုး Flat screen အဖြစ် ကျန်နေခဲ့ပါတယ်။ ဒီသုံးမျိုးဟာ OPPO Reno5 5G, OPPO Reno5 Pro 5G နဲ့ OPPO Reno5 Pro+ 5G တို့ပဲ ဖြစ်ကြပါတယ်။

ဒီသုံးမျိုးအနက် Vanilla မော်ဒယ်က Snapdragon 765G အသုံးပြုထားမှာဖြစ်ပြီး ကျန်တဲ့အခြားနှစ်မျိုးကတော့ Dimensity 1000+ နဲ့ Snapdragon 865 ကို အသုံးပြုမယ်လို့ သိရပါတယ်။ TENAA မှာတွေ့မြင်ရသလောက်တော့ Flat screen နဲ့ တစ်မျိုးဟာ Reno5 5G အမျိုးအစား ဖြစ်ပါတယ်။ ကနဦးပေါက်ကြားမှုတွေအရ မျက်နှာပြင်အရွယ်အစား 6.43-inch OLED panel နဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဘက်ထရီပမာဏအားဖြင့် 4,300mAh ဖြစ်ပြီး 65W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ အခြား Leakster တစ်ဦးဖြစ်တဲ့ Sanyi Life ကတင်ထားတဲ့ Reno5 5G ရဲ့ ကျောဘက်ပုံအရ ဟန်းဆက်ဟာ Reno4 နဲ့ ဆင်ဆင် Quad-camera layout နဲ့ ဖြစ်ပြီး 64MP+8MP+2MP+2MP ကင်မရာတွေ အသုံးပြုထားမယ်လို့ ဆိုပါတယ်။

“Reno Glow” ဆိုတဲ့ ကုဒ်နာမည်ဟာ ကျောဘက်မှာ Frosted finish နဲ့ Glass panel အသုံးပြုထားမယ်လို့ အဓိပ္ပါယ်ရပါတယ်။ Pro ဗားရှင်းကတော့ Dimensity 1000+ chipset နဲ့ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက 6.55-inch ဖြစ်သလို၊ အဓိကင်မရာက 64MP အဖြစ် မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Reno5 စီးရီးကို ဒီလနှောင်းပိုင်းမှာ ပွဲထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina