Reno7 Lite ကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပြီး အဲဒီဖုန်းဟာ Reno7 Z 5G ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ အခုလည်း အဲဒီ ဖုန်းကိုပဲ ဥရောပ နိုင်ငံတချို့မှာ Reno8 Lite နာမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

Try to spot the differences: Oppo Reno8 Lite 5G (leaked image)

Reno7 Lite ကို ဥရောပ နိုင်ငံတွေ ဖြစ်တဲ့ ချက်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားတို့မှာ ရောင်းချပေးထားတဲ့အတွက် ဥရောပနိုင်ငံတချို့မှာပဲ Reno8 Lite နာမည်နဲ့ ဘာလို့ ထပ်မံရောင်းချမလဲဆိုတာ မသိရသေးပါဘူး။ WinFuture က မျှဝေထားတဲ့ Specs တွေအရ Reno8 Lite မှာ Android 11 OS ပဲ ပါလာမှာပါ။

Try to spot the differences: Oppo Reno7 Lite 5G (official image)

တခြား Specs တွေက Reno7 Lite နဲ့ တူညီပြီး Reno8 Lite မှာ ၆.၄၃ လက်မ AMOLED 1080x2400p မျက်နှာပြင်၊ Snapdragon 695 Chipset၊ 8GB RAM နဲ့ 128GB Storage တို့ ပါလာမှာပါ။ အနောက်ဘက်မှာ 64MP Main ၊ 2MP ၊ 2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာမှာပါ။

Reno8 Lite ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ရိုမေးနီးယားမှာ Reno7 Lite ကို ၃၅၅ ယူရိုနဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၇ သိန်းလောက် ရှိပါတယ်။ Reno8 Lite ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena