OPPO Reno8 Pro 5G နဲ့ OPPO A77 5G လို့ယုံကြည်ရတဲ့ Device နှစ်ခုကို NBTC certification ရရှိလာတာ တွေ့မြင်ကြရပါပြီ။ ဒါဟာ တရားဝင်မိတ်ဆက်ပွဲမတိုင်မီမှာ တွေ့မြင်ရလေ့ရှိတဲ့ တရားဝင်အသိအမှတ်ပြုမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

OPPO ဟာ Reno 8 စီးရီးကို မကြာခင်မှာ ရောင်းချဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေတာပါ။ ကုမ္ပဏီရဲ့ မျိုးဆက်သစ် Reno စီးရီးစမတ်ဖုန်းတွေဟာ ဒီလနှောင်းပိုင်းမှာ တရုတ်နိုင်ငံဈေးကွက်အတွင်း စတင်ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ မကြာသေးခင်ကပဲ Reno8 စီးရီးရဲ့ SoCs တွေအကြောင်း ပေါက်ကြားခဲ့ပါသေးတယ်။

ဒီစီးရီးမှာ OPPO Reno 8 SE, Reno 8 Pro နဲ့ Vanilla Reno 8 ဆိုပြီး အနည်းဆုံး သုံးမျိုး ပါဝင်လာမှာ ဖြစ်ပါတယ်။ သုံးမျိုးမှာ နှစ်မျိုးက MediaTek Dimensity စီးရီး SoC နဲ့ ဖြစ်ကြပြီး တစ်မျိုးကတော့ Snapdragon SoC နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Reno 8 Pro ကိုလည်း အခြားအသိအမှတ်ပြု ဝက်ဘ်ဆိုက်အတော်များများမှာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။

OPPO Reno 8 Pro 5G ကို EEC အသိအမှတ်ပြုလက်မှတ်လည်း ရရှိပြီးဖြစ်သလို Dimensity 8100 SoC အသုံးပြုလာမယ်လို့လည်း သတင်းပေါက်ကြားပြီး ဖြစ်ပါတယ်။ OPPO A77 5G ကတော့ ဈေးနှုန်းသက်သာတဲ့ 5G ဟန်းဆက်ဖြစ်ပြီး NBTC အပါအဝင် အသိအမှတ်ပြုဝက်ဘ်ဆိုက်အတာ်များများမှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

Ref: GSM Arena