OPPO ဟာ Reno8 T Series ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်ဖို့ စီစဥ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Reno8 T Series ဖုန်းတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ အစောဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး နောက်ပိုင်းမှ တခြားသောနိုင်ငံတွေမှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ထူးခြားချက်တစ်ခုက Reno8 T ဖုန်းဟာ ရောင်းချတဲ့နိုင်ငံပေါ်မှုတည်ပြီး Version ၂ မျိုး ခွဲခြားထားမှာဖြစ်ပါတယ်။ Network ပေါ်မှုတည်ပြီး ခွဲခြားထားမယ်လို့ သိရပြီး 5G Version ဟာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် 4G Version မှာ MediaTek Helio G99 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Version တစ်မျိုးမှာ 108MP Camera Sensor ပါဝင်မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မိတ်ဆက်သွားမယ့် Reno8 T ဖုန်းဟာ 4G Version ဖြစ်ပြီး Black နဲ့ Leather Orange ဆိုပြီး အရောင် ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် OPPO ဟာ Reno8 T ဖုန်းရဲ့ Selfie Camera က 100MP Selfie Camera ဆိုပြီး ကြော်ငြာနေတာကြောင့် ဘယ်လိုမျိုးနည်းပညာပါဝင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အဆိုပါ Reno8 T ဖုန်းဟာ အိန္ဒိယနိုင်ငံနဲ့ တချို့သောစျေးကွက်တွေမှာ OPPO F23 Series အနေနဲ့ နာမည်ပြောင်းလဲပြီး မိတ်ဆက်သွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း OPPO F23 အနေနဲ့ ဝင်ရောက်လာဖွယ်ရှိပါတယ်။

Ref – GSM Arena