OPPO ဟာ Reno 8 စီးရီးကို လာမဲ့ မေလ ၂၃ ရက်နေ့မှာ မိတ်ဆက်တော့မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Reno 8 စီးရီးဝင် မော်ဒယ်သုံးမျိုးရဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီသုံးမျိုးက OPPO Reno 8, Reno 8 Pro နဲ့ Reno 8 Pro+ တို့ ဖြစ်ကြပါတယ်။

ကနဦးထွက်ပေါ်ထားတဲ့ Render တွေက Reno 8 စီးရီးရဲ့ ပုံစံတွေကို ကွဲကွဲပြားပြား သိမြင်နိုင်စေခဲ့သလို အခုလည်း နာမည်ကျော် Leakster ဖြစ်တဲ့ Evan Blass က နောက်ထပ် ရုပ်ပုံတွေကို ယူဆောင်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ Evan ရဲ့ရုပ်ပုံတွေကလည်း Reno 8 စီးရီးရဲ့ တူညီတဲ့ကျောဘက်ဒီဇိုင်းတွေကိုပဲ ပြသနေပါတယ်။

မျက်နှာပြင်တွေမှာလည်း Reno 8 ဟာ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole ရှိပြီး အောက်ဘက်မှာ ခပ်ထူထူ Chin နဲ့ပါ။ Reno 8 Pro လည်း ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ဖြစ်ပေမဲ့ သူကတော့ ခပ်ပါးပါး Chin နဲ့ ဖြစ်ပါတယ်။ Reno 8 Pro+ ကတော့ Punch-hole ကို မျက်နှာပြင်ရဲ့ အပေါ်အလယ်တည့်တည့်မှာ နေရာချထားတာပါ။

OPPO Reno8 Pro မှာ အဆင့်မြှင့်ထားတဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံရှိပါတယ်။ OPPO ရဲ့ in-house ISP ဖြစ်တဲ့ “Powered by MariSilicon” တံဆိပ်ကို တွေ့မြင်နိုင်ပါတယ်။ တတိယစက်ဝိုင်းကတော့ sensors အများအပြားနဲ့ ကွဲပြားနေတယ်လို့ ယုံကြည်ရပါတယ်။ အခုအချိန်အထိ Reno 8 တွေရဲ့ ကင်မရာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မဖော်ပြနိုင်သေးတာကတော့ ဝမ်းနည်းစရာပါပဲ။

OPPO ဟာ မေလ ၂၃ ရက်နေ့မှာ Reno8 series အပြင် တက်ဘလက်အသစ်နဲ့ TWS buds အသစ်တွေကိုလည်း ပြသသွားဦးမှာ ဖြစ်ပါတယ်။ OPPO Pad Air ဟာ ပါးလွှာပြီး ပေါ့ပါးမှုကို အာရုံစိုက်ထားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ OPPO Enco R buds တွေလည်း ထွက်လာမှာဖြစ်ပြီး တရားဝင်ပုံရိပ်တွေလည်း မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။

Ref: GSM Arena