OPPO Reno9 Series ကို နိုဝင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားလာပါတယ်။

OPPO Reno 9 series battery, fast charging specifications tipped

တရုတ်က နာမည်ကြီး Leakster ဖြစ်တဲ့ Digital Chat Station က OPPO Reno9 Series မှာ Qualcomm Snapdragon 7 Series Chip နဲ့ MediaTek Dimensity 8 Series တွေကို အသုံးပြုထားမယ်လို့  ဝီဘိုမှာ ရေးသားထားပါတယ်။ ဒါဟာ OPPO Reno8 Series တွေနဲ့ တူညီပါတယ်။

OPPO Reno 9 series battery, fast charging specifications tipped

OPPO ဟာ UFCS  (Universal Fast Charging Specification) အသစ်ကို အသုံးပြုတဲ့ တရုတ် စမတ်ဖုန်း ထုတ်လုပ်သူတွေထဲက ၁ ခု ဖြစ်လာမှာပါ။ အဲဒီ အားသွင်းစံနှုန်းဟာ 40W အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Reno9 Series မှာ UFCS Support ပါတဲ့ 4,500mAh ဘက်ထရီ ပါလာမှာပါ။

UFCS ကို ထောက်ခံအားပေးနေတဲ့ တခြား စမတ်ဖုန်း ထုတ်လုပ်သူတွေက Huawei , Vivo , Xiaomi တို့ ဖြစ်ကြပြီး အနောက်နိုင်ငံတွေထဲမှာ Angbao Electronics , Lihui Technology , Rockchip နဲ့ Silicon Power တို့ ပါဝင်ပါတယ်။

Reno9 Series မှာ Everything Red အရောင် ပါလာမှာပါ။

Ref : gsmarena