OPPO ဟာ လက်ရှိထုတ်လုပ်ထားတဲ့ Flagship ဖုန်းတွေမှာ ကိုယ်ပိုင် MariSilicon Chip တွေကို Camera Imaging Chipset အနေနဲ့ အသုံးပြုနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ OPPO Inno Day မှာလည်း Loseless Hi-Res Audio Codec ကို ပေးပို့နိုင်တဲ့ MariSilicon Y Chip ကို ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။

အခုနောက်ဆုံးသိရှိရတဲ့သတင်းအရ OPPO ဟာ စမတ်ဖုန်းတွေအတွက် အဓိကအနေနဲ့ မောင်းနှင်သွားမယ့် ကိုယ်ပိုင် SoC Chipset ကိုပါ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ OPPO ဖုန်းတွေဟာ SoC Chipset တွေအတွက် Qualcomm Snapdragon နဲ့ MediaTek Chipset တွေကိုပဲ များသောအားဖြင့် အသုံးပြုနေတာဖြစ်ပါတယ်။

ယခုသတင်းကို Taiwanese Semiconductor (TSMC) ကုမ္ပဏီရဲ့ သတင်းတွေကို ရယူနိုင်တဲ့ Digital Blogger တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပါတယ်။​ သူ့ရဲ့ ဖော်ပြချက်အရ OPPO ကနေ ကိုယ်ပိုင် SoC Chipset အသုံးပြုထားတဲ့ ပထမဆုံးသော စမတ်ဖုန်းကို လာမယ့် ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပါတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OPPO ရဲ့ ပထမဆုံးသော SoC Chipset ဟာ 4nm Architecture ကို အခြေခံထားမှာဖြစ်တယ်လို့ သိရပြီး Mid Range သို့မဟုတ် High-End ဖုန်းတစ်လုံးနီးပါး စွမ်းဆောင်ရည်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ပြင်ပက 5G Modem ကိုလည်း ထည့်သွင်းအသုံးပြုထားမှာဖြစ်တာကြောင့် 5G Network ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

အဆိုပါ 4nm Architecture Chipset ဟာ OPPO အတွက် ပထမဆုံးသော ကိုယ်ပိုင် SoC Chipset ဖြစ်လာမှာဖြစ်ပေမယ့် ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ 3nm Architecture ကို အခြေခံထားတဲ့ SoC Chipset တွေကို အများအပြားထုတ်လုပ်နိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပါတဘ်။

Ref – Gizmo China