OPPO က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ MWC မှာ Find X2 Series ကို ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ကုမ္ပဏီက ပွဲဖျက်သိမ်းလိုက်ပေမယ့် အဲဒီဖုန်းကို စီစဉ်ထားတဲ့ အတိုင်း ကြေညာမယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ OPPO က Find X2 ကြေညာမယ့်နေ့ကို မတ်လ ၆ ရက်နေ့ ရွှေ့ပြောင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်း မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ စမတ်နာရီ အသစ်ကိုပါ မြင်ရနိုင်ပါတယ်။

OPPO Find X2 မှာ Snapdragon 865 Chipset နဲ့ QHD+ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ တချို့က 2K မျက်နှာပြင်လို့ သုံးနှုန်းပါတယ်။ အဲဒီဖုန်းကို ဗီယက်နမ်မှာ စာရင်းတင်ထားပြီး ၆.၅ လက်မ AMOLED မျက်နှာပြင်ထည့်သွင်းထားပါတယ်။  မျက်နှာပြင်အထက်မှာ Gorilla Glass 6 ဖုံးအုပ်ထားပါတယ်။ 8GB RAM, 256GB Storage ပါလာမှာ ဖြစ်ပြီး  4,065mAh  ဘက်ထရီ ထည့်သွင်းထားမှာပါ။

OPPO Find X2 မှာ Sony ရဲ့ နောက်ဆုံးထုတ်  48MP ကင်မရာ ပါလာမှာ ဖြစ်ပြီး လက်ရှိ Dual Pixel နည်းပညာထက် ၂ ဆ ပိုမြန်၊ ပိုကောင်းတဲ့ Omnidirectional Focusing နည်းပညာ ပံ့ပိုးထားမှာ ဖြစ်ပါတယ်။ အနည်းဆုံး OPPO Find X2 နဲ့ OPPO Find X2 Pro ၂ လုံး ထွက်လာနိုင်ပြီး အဲဒီ ၂ လုံးမှာ ဘာတွေ ကွာခြားသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena