OPPO ကနေလာမယ့် မတ်လ ၆ ရက်နေ့မှာ Find X2 စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Find X2 အပြင် OPPO အတွက် ပထမဆုံး Smartwatch အသစ်ကိုပါ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

အခုအချိန်မှာတော့ အဆိုပါ OPPO Smartwatch ရဲ့ Live Photo တစ်ပုံကို Weibo စာမျက်နှာမှာတွေ့ရှိလာရပြီဖြစ်ပါတယ်။ အခုဓါတ်ပုံအရတေ့ာ OPPO Smartwatch ဟာ ကိုယ်ပိုင် OS အစား Google ရဲ့ Wear OS ကိုပဲ အသုံးပြုလာမှာပါ။

Design ပိုင်းအရတော့ 3D Curved Glass ကို အသုံးပြုထားတဲ့အတွက် တော်တော်လေးကို လှနေပြီးတော့ ECG လိုမျိုး Feature တွေလည်းပါဝင်ဦးမှာဖြစ်တဲ့အတွက် တကယ့် Premium Smartwatch တစ်လုံးဖြစ်လာမယ့်ပုံစံပါပဲ။ လက်ပတ်ကြိုးအနေနဲ့တော့ Leather အစား ပုံမှန် လက်ပတ်ကြိုးကိုပဲ အသုံးပြုထားတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Android စမတ်ဖုန်းနဲ့ တွဲသုံးဖို့အတွက် Apple Watch လိုမျိုး Premium ဆန်တဲ့ Smartwatch တစ်လုံးကိုရှာနေတယ်ဆိုရင် ဒီ OPPO Smartwatch အသစ်က စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena