OPPO က တရုတ်မှာ Watch X စမတ်နာရီကို ကြေညာလိုက်ပြီး မကြာခင်က မလေးရှားမှာ ကြေညာခဲ့တဲ့ မော်ဒယ်နဲ့ အနည်းငယ် ကွာခြားချက်တွေ ပါပါတယ်။

OPPO Watch X မှာ စက်ဝိုင်းပုံ ဒီဇိုင်းနဲ့ Stainless Steel Case ကို သုံးထားပါတယ်။ 1.43” AMOLED မျက်နှာပြင်ကို Sapphire Crystal Glass နဲ့ ကာကွယ်ထားပြီး 466×466 Pixel Resolution ထောက်ပံ့ထားပါတယ်။ 1000 Nit Peak Brightness က တော်တော် မိုက်ပြီး Always-on Display နည်းပညာ ပါပါတယ်။

Rotating Dial နဲ့ ခလုတ် စတဲ့ Physical Control ၂ ခုကို ညာဘက်မှာ ထည့်သွင်းထားပြီး နာရီဟာ MIL-STD 810H အကြမ်းခံစံနှုန်း ရထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့ IP68 စံနှုန်း ထည့်သွင်းထားပါတယ်။

OPPO Watch X မှာ Snapdragon W5 Gen 1 Processor မောင်းနှင်ထားပြီး 2GB RAM နဲ့ 32GB Storage ပါပါတယ်။ Color OS နဲ့ RTOS စတဲ့ Operating System ၂ ခု ထည့်သွင်းထားပါတယ်။ eSIM Support ပါတဲ့အတွက် ဖုန်း ပြောနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက နာရီ ၁၀၀ ဖြစ်ပြီး အားအပြည့်သွင်းဖို့ မိနစ် ၆၀ ကြာပါတယ်။

နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု အခြေအနေနဲ့ စိတ်ဖိစီးမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ Sports Mode ၁၀၀ ကျော်ပါလာပြီး ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာလို အားကစားတွေကို အလိုအလျှောက် အာရုံခံနိုင်ပါတယ်။ Ideal, BYD, Te Nengxing , Leapmotor , Maverick Electric နဲ့ Venucia တို့ရဲ့ ကားတွေအတွက် နာရီကို ကားသော့လို သုံးနိုင်ပါတယ်။

OPPO Watch X အတွက် “Thousands of Sails Blue,” “Desert Silver Moon,” နဲ့ “Starry Night Flying” အရောင်တွေ ထုတ်လုပ်ထားပြီး ၂,၄၉၉ ယွမ်၊ ၂,၃၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ JD.com ကနေ ဝယ်ယူနိုင်ပါပြီ။

Ref : gizmochina