မြန်မာနိုင်ငံဈေးကွက်တွင် OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့် လည်းကောင်း၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ Pre-Order စတင်မှာယူရင်း 20,000mAh Power Bank အပါအဝင် အထူးခံစားခွင့်တွေပါရှိတဲ့ လက်ဆောင်များ ရယူနိုင်ပြီ။

OPPO က “Your First AI Phone” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လူတိုင်းအလွယ်တကူ အသုံးပြု‌နိုင်မဲ့ Flagship Level ရှိ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ OPPO Reno12 Series ကို ဩဂုတ်လ ၂၄ ရက်နေ့က Official Launch အနေနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း တရားဝင် စတင် မိတ်ဆက်ခဲ့ပါတယ်။ OPPO Reno12 Series မှာ OPPO Reno12 5G နှင့် OPPO Reno12 F ဆိုပြီး ကွဲပြားဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးအစား နှစ်မျိုး နဲ့ ထုတ်ကုန် နှစ်မျိုး ထွက်ရှိလာပြီး OPPO Reno12 မှာ Astro Silver နဲ့ Matte Brown ၊ OPPO Reno12 F မှာဆိုရင် Amber Orange နဲ့ Matte Grey ဆိုပြီး ကိုယ်စီ အရောင်နှစ်မျိုးစီနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno12 Series Official Launch Event မှာတော့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် Lu Hpring ၊ ဧငြိမ်းဖြူ ၊ ရှိန်းတင်ထူး ၊ Lara Devora ၊ ပြည်ညိမ်းဟန် နဲ့ Rian တို့ တက်ရောက်ခဲ့ကြပြီး OPPO Reno12 Series ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေနဲ့အတူ ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

တိကျပြတ်သားတဲ့ ဖယ်ရှားချက်တွေနဲ့ အသေးစိတ်တဲ့ ခေတ်မီ AI Eraser 2.0
Reno Series တွေတိုင်းက Portrait နဲ့ ပတ်သက်လို့ နာမည်ကျော်ကြားတယ်ဆိုပေမဲ့ ဒီတစ်ခေါက် Reno12 Series မှာတော့ သုံးစွဲသူတွေအတွက် ခေတ်မီတိုးတက်နေတဲ့ နောက်ဆုံးပေါ် AI နည်းပညာတွေကို နေ့စဉ် ဘဝတွေမှာ အလွယ်ကူဆုံး စမ်းသပ်အသုံးပြုစေနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ Flagship Level အဆင့်ရှိ AI လုပ်ဆောင်ချက်တွေကို Reno12 Series မှာ ထည့်သွင်းမိတ်ဆက်လာတာဖြစ်ပါတယ်။ အဲဒီထဲမှာမှ Reno12 5G အတွက်ဆိုရင် ဓာတ်ပုံ ရိုက်ကူးမှုတွေကို အထူးထောက်ပံ့ပေးနိုင်သလို ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ ၊ ကိုယ်မလိုချင်တဲ့ လူ၊ အားလုံးကို One-Click Auto-recognition နဲ့အတူ တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ ဖယ်ရှားပေးနိုင်တဲ့ AI Eraser 2.0 ပါရှိလာတာဖြစ်ပါတယ်။ AI Eraser 2.0 ဟာ လူတွေကို ဖယ်ရှားနိုင်ရုံသာမက အရာဝတ္ထုတွေကိုပါ အသေးစိတ်ကျကျ အရှင်းလင်းဆုံး ဖယ်ထုတ်ပေးနိုင်တဲ့ ခေတ်မီ AI လုပ်ဆောင်ချက်တစ်ခု အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

အချိန်တိုအတွင်း ကြိုက်နှစ်သက်ရာ ဒီဇိုင်းမျိုးစုံကို ဘေးကင်းစွာ ဖန်တီးနိုင်မဲ့ AI Studio
လူကြီးမင်းတို့ ဘဝမှာ ဓာတ်ပုံတစ်ပုံကို အသုံးပြုလိုက်ရုံနဲ့ သိန်းပေါင်းများစွာသော ပုံစံမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ ကို အချိန်တို အတွင်း ဖန်တီးနိုင်မဲ့ အိတ်ဆောင် ဓာတ်ပုံစတူဒီယို တစ်ခုကို Reno12 Series မှ ယူဆောင်လာပြီဖြစ်ပါတယ်။ OPPO Reno12 Series မှာ ပါဝင်တဲ့ AI Studio က တခြားသော ပြင်ပ Application တွေ နဲ့ မတူတဲ့အပြင် မိမိရဲ့ ပုံတစ်ပုံတည်းကို သုံးပြီး မိမိကြိုက်နှစ်သက်ရာ ဒီဂျစ်တယ် ပုံစံတွေနဲ့ အနုပညာဆန်ဆန် လက်ရာဖန်တီးမှု ဒီဇိုင်းပေါင်းများစွာကို ပြောင်းလဲပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပေါက်ကြားမှု လုံးဝမဖြစ်စေရန် ထိန်းချုပ်ပေးသွားမှာလဲ ဖြစ်တာကြောင့် AI Studio ကို စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လူငယ်၊ ကျောင်းသားတွေနဲ့ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေအတွက် အထူးသင့်လျော်တဲ့ AI Toolbox
ဒီတစ်ခေါက် OPPO Reno12 Series မှာဆိုရင် လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေအတွက် အစည်းအဝေးအတွက် အသံသွင်းယူထားတဲ့ ဖုန်းခေါ်ဆိုမှုတွေ ၊ အစည်းအဝေးအတွင်း ပြောကြားထားသမျှ အကြောင်းအရာတွေ အားလုံးအတွက် အသံပြန်လည်ဖမ်းယူထားရုံနဲ့ အကြောင်းအရာအကျဉ်းချုပ်ကို အချိန်တိုအတွင်း ထိထိမိမိ ပြန်လည် အတိုချုပ်ပေးကာ စာဖြင့် နားလည်စေအောင် အကျဉ်းချုံ့ဖော်ပြပေးနိုင်မဲ့ AI Recording Summary လုပ်ဆောင်ချက်ကို လူတိုင်း အလွယ်တကူ နဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်စေဖို့ ၊ အသုံးဝင်စေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ အသုံးတည့်တဲ့ AI Recording Summary လုပ်ဆောင်ချက်အပြင် ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေအတွက် အထူးသင့်တော်တဲ့ AI Toolbox လုပ်ဆောင်ချက်ပါ ထပ်မံ ပါရှိလာပါတယ်။ AI Toolbox ရဲ့ လုပ်ဆောင်ချက်အနေနဲ့ အချက် ၃ ချက် ပါရှိလာပြီး AI Speak , AI Summary နဲ့ AI Writer ဆိုပြီး အမျိုးအစား ၃ မျိုးခွဲထားတာဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူများအတွက် အထူးသင့်တော်စေပြီး အကြောင်းအရာ အရှည်ကြီးတွေနဲ့ စာအရှည်ကြီးတွေကို အတိုချုပ် ချုံ့ပေးနိုင်တာကြောင့် အချိန်ကုန်သက်သာစေပြီး နားလည်မှု လွယ်ကူစေရန် အထောက်အကူပြုတာကတော့ AI Toolbox ထဲက AI Summary ဖြစ်ပါတယ်။
AI Toolbox ထဲက AI Speak ဆိုတာကတော့ ခုနက အတိုချုပ်ထားတဲ့ အကြောင်းအရာကို မိမိကိုယ်တိုင် ဖတ်နေစရာမလိုတော့ဘဲ မိမိကို ပြန်လည်ဖတ်ပြနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါတင်သာမက ဖတ်ပြတဲ့ အသံကို ကိုယ်ကြိုက်နှစ်သက်ရာအဖြစ် အမျိုးသား အသံနှင့် အမျိုးသမီးအသံ ဆိုပြီး မိမိကြိုက်နှစ်သက်ရာ အသံနဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
AI Summary နဲ့ AI Speak တို့အပြင် ကိုယ်လိုချင်တဲ့အကြောင်းအရာကို ကြိုက်နှစ်သက်ရာ ပုံစံမျိုးစုံ စာပြန်လည်စီကာ ရေးထုတ်ပေးမဲ့ AI Toolbox ထဲက AI Writer လဲ ထပ်မံပါရှိလာပါတယ်။

အဖွဲ့လိုက်ဓာတ်ပုံတွေတိုင်းကို ဖျက်ဆီးတတ်တဲ့ အနှောင့်အယှက်ကို ပြုပြင်ပြောင်းလဲပေးနိုင်မဲ့ AI Best Face
အသစ်အသစ်သော တီထွင်ဖန်တီးနိုင်မှုတွေပါရှိတဲ့ ဓာတ်ပုံပြုပြင်ခြင်းကိရိယာတွေကို ပိုမိုထူးခြားစေတာကတော့ OPPO Reno12 5G မှာ ပါရှိလာတဲ့ AI Best Face လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အဖွဲ့လိုက် ဓာတ်ပုံတွေရိုက်ကြတဲ့အခါ တစ်စုံတစ်ယောက်က ရုတ်တရက်ဆိုသလို အခြေအနေအကြောင်းကြောင်းကြောင့် မျက်လုံးပိတ်သွားတတ်ပါတယ်။ ဒါကြောင့် အဖွဲ့လိုက်ပုံတွေရိုက်တဲ့အခါ ထပ်ခေါက်ထပ်ခါ ထပ်တလဲလဲ ပြန်လည်ရိုက်ကူးရတာ၊ ဒါမှမဟုတ် ဒီလိုမျက်လုံးမှိတ်သွားတဲ့အတွက် ရိုက်ကူးခဲ့ရတဲ့ အမှတ်တရပုံရိပ်တွေကို ဖျက်လိုက်ရတာမျိုး မဖြစ်ရလေအောင် AI Best Face က မျိုးဆက်သစ် GenAI နည်းပညာကို အသုံးပြုကာ ဓာတ်ပုံတွေထဲမှာ မျက်လုံးပိတ်နေတတ်တဲ့လူတွေကို အလိုအလျောက် သတ်မှတ်ပြီး မျက်လုံးပြန်လည်ဖွင့်ပေးဖို့အတွက် လုပ်ဆောင်ပေးမှာ ဖြစ်တာကြောင့် အဖွဲ့လိုက် ဓာတ်ပုံတွေအနေနဲ့ ပစ်ရက်စရာ တစ်ပုံမှ ရှိတော့မှာ မဟုတ်သလို အလှပဆုံး အမှတ်တရတွေကို ထာဝရ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

 

ပုံရိပ်ကောင်းတစ်ခုကို ချစ်နှစ်သက်တဲ့ Reno ချစ်သူတွေအတွက် Ultra-Clear Camera System
Reno Series တွေတိုင်းက Portrait ပုံရိပ်ကောင်း ရလဒ်တွေနဲ့ အမြဲရေပန်းစားကျော်ကြားလေ့ရှိတာကြောင့် ဒီတစ်ခေါက်မှာလဲ သုံးစွဲသူတွေအကြိုက်တွေ့စေနိုင်မဲ့ Ultra-Clear Camera System နဲ့အတူ Reno12 Series က ထွက်ရှိလာခဲ့ပါပြီ။ တကယ့်ကို Professional Portrait အရည်အသွေးရရှိဖို့အတွက် Reno Series တိုင်းမှာ ကြိုးစားလာခဲ့သလို ဒီတစ်ခေါက် Reno12 Series မှာလဲ Sony LTY-600 Sensor နဲ့ OIS ပါဝင်တဲ့ 50MP Main Camera ၊ OV02B10 Sensor နဲ့အတူ 2MP Macro Camera ၊ ၁၁၂ ဒီဂရီ နဲ့အတူ မြင်ကွင်းကောင်းကောင်းတွေကို မလွတ်တမ်း ရိုက်ကူးနိုင်မဲ့အပြင် Sony IMX 355 Sensor ပါဝင်တဲ့ 8MP Ultra-Wide-Angle Camera တို့ အပြင် autofocus ပါရှိတဲ့ 32MP selfie camera ကြောင့် ဓာတ်ပုံရိုက်ကူးမှုတွေက သုံးစွဲသူတွေအတွက် စိတ်တိုင်းကျဖြစ်စေမဲ့အပြင် Professional Portrait အရည်အသွေးကို ရရှိမှာ ဖြစ်ပါတယ်။ Pro Portrait Mode ပါဝင်မှုကြောင့်လဲ သဘာဝကျပြီး လှပပြတ်သားတဲ့ Bokeh Effect ပါဝင်လာတဲ့အတွက် တစ်ချက်တည်းနဲ့ ထိထိမိမိ ပုံကောင်းတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။ AI Portrait Retouching ပါဝင်တဲ့အတွက် အလင်းအမှောင်ပေါ်မူတည်ကာ အသားအရေ အရောင်အလိုက်ပါ ပြန်လည်ပြုပြင်ပေးနိုင်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ OPPO Reno12 Series နဲ့အတူ Professional Portrait အရည်အသွေးကိုသာမက သဘာဝအဆန်ဆုံး ပုံရိပ်တွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

Reno12 Series ရဲ့ ကောင်းမွန်ထူးခြားတဲ့ စွမ်းအင် နဲ့ လုပ်ဆောင်နိုင်စွမ်းရည်
Reno12 Series အတွက် Battery ကိုတော့ 5000mAh Battery နဲ့အတူ Reno12 5G မှာတော့ 80W SUPERVOOC Flash Charge ဆိုပြီး ပါဝင်လာမှာ ဖြစ်ပါတယ်။ Reno12 5G က 4nm MediaTek Dimensity 7300-Energy mobile Platform ကို အသုံးပြုလာတဲ့ ပထမ ဦးဆုံးသော စမတ်ဖုန်းဖြစ်သလို MediaTek နဲ့ OPPO တို့ရဲ့ ပေါင်းစည်းမှုက ပိုပြီးကောင်းမွန်လာတဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးပို့နိုင်ဖို့ဖြစ်တာကြောင့် အသစ်စက်စက်သော octa-core platform မှာ အကောင်းဆုံးထောက်ပံ့မှု ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Android 14 နဲ့အတူ ColorOS 14.1 ပါဝင်မှုကြောင့် အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမှာဖြစ်ပြီး Dual-Stereo Speaker ပါဝင်မှုဟာလဲ Reno12 Series ရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်မှာပါ။ ဖုန်ဒဏ် ၊ အထူးသဖြင့် ရေစိုမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ IP Rating တွေ ပါဝင်လာပြီး Reno12 5G အတွက် IP65 Rating တင်သာမက Splash Touch ထပ်လောင်းပါရှိမှုကြောင့် ရေဘယ်လောက်စိုစို ဖုန်းကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက သတ္တုရဲ့ နဂိုမူလခံနိုင်စွမ်းကို မြင့်မားစေပြီး မာကျောမှု ၊ အပူဒဏ်နဲ့ တိုက်စားခံရမှု ဒဏ်တွေကို ခုခံနိုင်တဲ့ All-Round Armour ပါဝင်လာတာအတွက် သာမန်ထက်ပိုမိုမာကျောပြီး အကြမ်းခံနိုင်မဲ့ ဒီဇိုင်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။
Flagship Level အဆင့်ရှိ AI လုပ်ဆောင်ချက်များစွာနဲ့အတူ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း ၊ အကြမ်းပတမ်းခံတဲ့ ကိုယ်ထည် တို့နဲ့အတူ ဖန်တီးထားတဲ့ Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင် Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း မိတ်ဆက်ခဲ့ပြီး အရောင်အားဖြင့် Reno12 5G မှာ Astro Silver နဲ့ Matte Brown ဆိုပြီး ထွက်ရှိထားကာ Reno12 F မှာ Amber Orange နဲ့ Matte Grey ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Reno12 Series ကို ဩဂုတ်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ Pre-Order စတင်မှာယူနိုင်မှာ ဖြစ်ကာ Reno12 5G အတွက်ကို Pre-Order မှာယူတဲ့ သုံးစွဲသူတိုင်းအတွက် စုစုပေါင်း ၉ သိန်းကျပ်တန် တန်ဖိုးရှိတဲ့ လက်ဆောင်တွေအနေနဲ့ Product Ambassador ပိုင်တံခွန်ပုံ ပါဝင်တဲ့ postcard ၊ 20,000mAh Power Bank တို့နဲ့အတူ ထပ်ဆောင်း ATOM Package များ ၊ Reno12 F ကို Pre-order မှာယူတဲ့သူတွေအတွက် စုစုပေါင်း ၇ သိန်းကျပ်တန် တန်ဖိုးရှိတဲ့ လက်ဆောင်တွေအဖြစ် Product Ambassador ပိုင်တံခွန်ပုံ ပါဝင်တဲ့ postcard 20,000mAh Power Bank တို့နဲ့အတူ ထပ်ဆောင်း ATOM Package တွေအပြင် Reno12 Series ဝယ်ယူသူတိုင်းအတွက် အထူး အခွင့်အရေးအနေနဲ့ after sale service တွေ ဖြစ်တဲ့ VIP hotline မှ တစ်ဆင့် Online Customer Service Team ထံမှ မြန်ဆန်သောတုံ့ပြန်မှုရရှိခြင်း ၊ နှစ်စဉ် တစ်နှစ်လျှင် မှန်ကပ်အခမဲ့ ကပ်ခွင့်ရှိခြင်း ၊ ဖုန်း အနေနဲ့ တစ်ခုခု ချို့ယွင်းမှုရှိလို့ Service Center မှာ ဖုန်းလာပြုပြင်မယ်ဆိုရင် ဖုန်းပြုပြင်နေစဉ် အတွင်း ဖုန်းသုံးခြင်းအဆက်မပြတ်သွားအောင် High-end Backup Phone များကို ပံ့ပိုးပေးခြင်း ၊ ဘက်ထရီအတွက် 4 နှစ်အာမခံ ထားရှိပေးခြင်း ၊ ဖုန်း ပြုပြင်ဖို့ အတွက် အသွားအပြန် Delivery ခ အခမဲ့ ထားရှိပေးခြင်း၊ ပရော်ဖက်ရှင်နယ် မိုဘိုင်းလ်ဖုန်း ပိုးသတ်ခြင်းနှင့် ဖုန်းသန့်ရှင်းရေး ဝန်ဆောင်မှုများကို ခံစားနိုင်ခြင်း ၊ အခမဲ့ software upgrade ဝန်ဆောင်မှုများခံစားခွင့်ရှိခြင်း အစရှိတဲ့ အထူးခံစားခွင့်တွေနဲ့အတူ မှန်ကွဲအာမခံများ ထားရှိပေးမှာဖြစ်တာကြောင့် အသေးစိတ်ကို ဆိုင်တွေမှာ မေးမြန်းနိုင်မှာဖြစ်ပါတယ်။

 

Media release: OPPO