[Unicode]

OPPO ကလည်း စမတ်နာရီ နယ်ပယ်မှာ အပြိုင်ကြဲတော့မှာပါ။ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ဒီနှစ်မှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ OPPO က ဒီနှစ် ပထမ ၃ လအတွင်းမှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ Xiaomi Mi Watch မှာလို လေးထောင့် မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သိရပါတယ်။

OPPO ဒုတိယ ဥက္ကဌ Brian Shen က စက်ဝိုင်းထက် လေးထောင့် မျက်နှာပြင်ဟာ သတင်းအချက်အလက်တွေ ပိုမို ပြသနိုင်တဲ့အတွက် ပိုကောင်းတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက စက်ဝိုင်းပုံ မျက်နှာပြင်ဟာ ရိုးရိုး နာရီတွေနဲ့တူတဲ့အတွက် သဘာဝ ပိုကျတယ်လို့လည်း ပြောထားပါတယ်။

အခုတော့ Digital Chat Stations က OPPO စမတ်နာရီမှာ ECG/EKG တိုင်းတာပေးနိုင်မယ်လို့ ပြောပါတယ်။ ECG က နှလုံး မူမမှန်တာ၊ နှလုံးခုန် မမှန်တာကို တိုင်းတာပေးပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း တိုင်းတာပေးတာထက် ပိုစွမ်းတဲ့ လုပ်ဆောင်ချက် ထည့်သွင်းထားနိုင်ပါတယ်။

တခြား စမတ်နာရီတွေမှာလည်း ECG နည်းပညာ ထည့်သွင်းပေးထားကြပါတယ်။ အဲဒီထဲမှာ Apple Watch Series 5 , Samsung Galaxy Active 2 , Withings Move ECG နဲ့ Amazfit Verge တို့က နာမည်ကြီးပါတယ်။ OPPO က သူ့ရဲ့ စမတ်နာရီမှာ ပြိုင်ဖက်တွေကို နောက်ကောက်ချနိုင်မယ့် လုပ်ဆောင်ချက် အလန်းတွေ ထည့်သွင်းထားနိုင်ပါတယ်။ စမတ်နာရီကို ကြေညာမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

Ref : gizmochina

[Zawgyi]

OPPO ရဲ႕ စမတ္နာရီမွာ ECG စြမ္းရည္ ပါလာႏိုင္

OPPO ကလည္း စမတ္နာရီ နယ္ပယ္မွာ အၿပိဳင္ႀကဲေတာ့မွာပါ။ ကုမၸဏီရဲ႕ ပထမဆုံး စမတ္နာရီကို ဒီႏွစ္မွာ ေၾကညာေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။ OPPO က ဒီႏွစ္ ပထမ ၃ လအတြင္းမွာ မိတ္ဆက္မယ္လို႔ အတည္ျပဳထားပါတယ္။ Xiaomi Mi Watch မွာလို ေလးေထာင့္ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။

OPPO ဒုတိယ ဥကၠဌ Brian Shen က စက္ဝိုင္းထက္ ေလးေထာင့္ မ်က္ႏွာျပင္ဟာ သတင္းအခ်က္အလက္ေတြ ပိုမို ျပသႏိုင္တဲ့အတြက္ ပိုေကာင္းတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူက စက္ဝိုင္းပုံ မ်က္ႏွာျပင္ဟာ ႐ိုး႐ိုး နာရီေတြနဲ႔တူတဲ့အတြက္ သဘာဝ ပိုက်တယ္လို႔လည္း ေျပာထားပါတယ္။

အခုေတာ့ Digital Chat Stations က OPPO စမတ္နာရီမွာ ECG/EKG တိုင္းတာေပးႏိုင္မယ္လို႔ ေျပာပါတယ္။ ECG က ႏွလုံး မူမမွန္တာ၊ ႏွလုံးခုန္ မမွန္တာကို တိုင္းတာေပးပါတယ္။ ဒါ့အျပင္ ႏွလုံးခုန္ႏႈန္း တိုင္းတာေပးတာထက္ ပိုစြမ္းတဲ့ လုပ္ေဆာင္ခ်က္ ထည့္သြင္းထားႏိုင္ပါတယ္။

တျခား စမတ္နာရီေတြမွာလည္း ECG နည္းပညာ ထည့္သြင္းေပးထားၾကပါတယ္။ အဲဒီထဲမွာ Apple Watch Series 5 , Samsung Galaxy Active 2 , Withings Move ECG နဲ႔ Amazfit Verge တို႔က နာမည္ႀကီးပါတယ္။ OPPO က သူ႔ရဲ႕ စမတ္နာရီမွာ ၿပိဳင္ဖက္ေတြကို ေနာက္ေကာက္ခ်ႏိုင္မယ့္ လုပ္ေဆာင္ခ်က္ အလန္းေတြ ထည့္သြင္းထားႏိုင္ပါတယ္။ စမတ္နာရီကို ေၾကညာမယ့္ ေန႔ရက္ အတိအက်ကို မသိရေသးပါဘူး။

Ref : gizmochina