OPPO က မတ်လမှာ OPPO Watch ကို ပွဲထုတ်ခဲ့ပေမယ့် Google Wear OS မပါလာခဲ့ဘဲ OPPO ColorOS ပဲ ထည့်ထားတာပါ။ အခုတော့ ဒီလ ၃၁ ရက်နေ့မှာ Google Wear OS ပါတဲ့ စမတ်နာရီ အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ OPPO က Wear OS ပါတဲ့ စမတ်နာရီ အသစ် ကြေညာမယ့် သတင်းကို GIF ပုံ ၁ ပုံနဲ့ သတင်းပေးလိုက်ပြီး ထူးခြားတာက အဲဒီ စမတ်နာရီကိုလည်း OPPO Watch လို့ပဲ နာမည်ပေးထားမှာပါ။

GIF ပုံမှာ စမတ်နာရီရဲ့ Specification ၁ ခုကိုမှ မဖော်ပြထားပေမယ့် ဒီဇိုင်းကို အနီးကပ်လေ့လာနိုင်ခဲ့ပါတယ်။ ဒီဇိုင်းဟာ Apple Watch နဲ့ တော်တော်တူပါတယ်။

Wear OS ပါတဲ့ OPPO Watch ဟာ ColorOS ပါတဲ့ OPPO Watch ရဲ့ နိုင်ငံတကာ Version လား၊ Specs တွေ ကွဲပြားမလား ဆိုတာတွေကို လက်ရှိမှာ မသိရသေးပါဘူး။

OPPO ဟာ ဒီလ ၃၁ ရက်နေ့မှာ Reno4 Pro နိုင်ငံတကာ မော်ဒယ်ကို အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပြီး OPPO ဟာ Reno4 Pro နဲ့အတူ OPPO Watch ကို တောင်အာရှ နိုင်ငံတွေမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အိန္ဒိယမှာ ColorOS ပါတဲ့ OPPO Watch ကို မိတ်ဆက်မလား၊ Wear OS ပါတဲ့ OPPO Watch ကို ချပြမလား ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena