Oukitel က WP21 ဖုန်းကို ကြေညာလိုက်ပြီး ရေစိုခံတာနဲ့ ဖုန်မဝင်အောင် ကာကွယ်တဲ့ အကြမ်းခံ စွမ်းရည်တွေနဲ့အတူ အရွယ်အစားကြီးမားတဲ့ 9800mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ AMOLED မျက်နှာပြင် အပို ၁ ခု ပါတာက ထူးခြားပြီး MediaTek Helio G99 Chipset မောင်းနှင်ထားပါတယ်။

Oukitel WP21 is a rugged smartphone with Helio G99 SoC and a 9,800 mAh battery with 66W charging

Oukitel WP21 မှာ ၆.၇၈ လက်မ FHD+ မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်က မျက်နှာပြင်မှာ AOD ထည့်သွင်းထားပြီး Notification , Music Control တွေကို ပြသပေးနိုင်သလို ကင်မရာ Viewfinder အဖြစ် သုံးနိုင်ပါတယ်။ အနောက် မျက်နှာပြင်အတွက် Watch Faces များစွာ ထည့်သွင်းထားပါတယ်။

Oukitel WP21 is a rugged smartphone with Helio G99 SoC and a 9,800 mAh battery with 66W charging

အနောက်ဘက်မှာ 64MP Main , 20MP Night Vision နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ IP68, IP69 နဲ့အတူ MIL-STD-810H စံနှုန်းတွေ ထောက်ပံ့ထားပြီး ရာသီဥတု ကြမ်းတမ်းတဲ့ အခြေအနေတွေမှာ သုံးနိုင်ပါတယ်။

9800mAh ဘက်ထရီဟာ Standby သုံးရင် ၁,၁၅၀ နာရီနဲ့ ဗီဒီယိုတောက်လျှောက်ကြည့်ရင် ၁၂ နာရီ အသုံးခံပါတယ်။ တခြား Device တွေကို OTG ကြိုးနဲ့ အားသွင်းပေးနိုင်ပြီး 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ NFC , GNSS တည်နေရာပြ စနစ်နဲ့ Blutooth 5.0 ထည့်သွင်းထားပြီး Android 12 အခြေပြု Bluetooth 5.0 ပါပါတယ်။

၂၈၀ ဒေါ်လာ သတ်မှတ်ထားပြီး ဒီလ ၂၄ ရက်နေ့ရောင်းမှာပါ။

Ref : gsmarena