မီးပျက်တဲ့ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ ဖုန်း ၁ လုံး ပေါ်လာပါပြီ။ အဲဒီဖုန်းက Oukitel WP33 Pro ဖြစ်ပြီး 22,000mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်း ၁ လုံးမှာ ထည့်သွင်းထားတဲ့ အကြီးမားဆုံး Battery ဖြစ်ပါတယ်။ Battery ကြီးတဲ့အတွက် ဖုန်း အလေးချိန်နဲ့ အထူက မသေးပါဘူး။ အလေးချိန်က ၅၇၇.၅ ဂရမ်နဲ့ အထူက ၂၇.၂ မီလီမီတာ ဖြစ်ပါတယ်။

Oukitel WP33 Pro has a 22,000 mAh battery and a huge speaker on the back

MediaTek Dimensity 6100+ Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ 6.6” 1080x2408p IPS မျက်နှာပြင် ပါလာပြီး 60Hz Refresh Rate နဲ့ 450 Nits Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 64MP Sony IMX686 Main , 20MP Night Vision နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Oukitel WP33 Pro has a 22,000 mAh battery and a huge speaker on the back

ဖုန်းရဲ့ အဓိက စွမ်းရည် ၁ ခုက အရွယ်ကြီး 5W စပီကာ ဖြစ်ပြီး အချင်းက ၃၆ မီလီမီတာရှိကာ 136dB Maximum Loudness ကို ထုတ်လုပ်ပေးပါတယ်။ အဲဒီအတွက် အသံထွက်က ရှယ်ကြမ်းမှာပါ။

WP33 Pro မှာ 33W Wired Charging ထည့်သွင်းထားပြီး 18W Reverse Wired Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ IP68 နဲ့ IP69K စံနှုန်းပါတဲ့အတွက် ရေစိုခံပြီး MIL-STD-810H စံနှုန်းပါတဲ့အတွက် ၁.၅ မီတာ အမြင့်ကနေ ပြုတ်ကျတာကို ခံနိုင်ပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပြီး Android 13 OS မောင်းနှင်ထားပါတယ်။ ၅၉၄.၉၈ ဒေါ်လာနဲ့ တရုတ်မှာ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena