Samsung က One UI 6.1 Update ကနေ Galaxy AI Suite ကို မတ်လ ၂၈ ရက်နေ့က စတင်ပြီး  Galaxy S23 Family ( S23 FE အပါအဝင်), Galaxy Z Fold5, Galaxy Z Flip5 နဲ့ Galaxy Tab S9 Series အတွက် ဖြန့်ချိပေးနေပါတယ်။

Samsung Galaxy AI: What is it and how does it work? | Technology News - The  Indian Express

အဲဒီ Device တွေဟာ ဇန်နဝါရီလမှာ Galaxy S24 Series နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။ အခုဖြန့်ချိတဲ့ အစီအစဉ် ပြီးသွားရင် လူပေါင်း သန်း ၁၀၀ ကျော်ဟာ Galaxy AI ကို ရရှိမယ်လို့ Samsung ဒုတိယ ဥက္ကဌ Nick Porter က ပြောပါတယ်။

Baidu's Ernie AI chatbot to power Samsung's new Galaxy S24 smartphones

Galaxy AI လုပ်ဆောင်ချက်တွေကို Device အဟောင်းတွေမှာ ထည့်သွင်းပေးမလားဆိုတာကို လူတွေက စိတ်ဝင်စားနေကြပါတယ်။ မကြာခင်က သတင်းအရ Samsung ဟာ Galaxy S22 Series အတွက် Galaxy AI ကို ဖြန့်ချိပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Galaxy AI လုပ်ဆောင်ချက်တွေကို Device အဟောင်းတွေမှာ ထည့်သွင်းပေးမလားဆိုတာကိုတော့ Nick Porter က မပြောသွားပါဘူး။ Samsung ဟာ Device အဟောင်းတွေမှာ Galaxy AI လုပ်ဆောင်ချက် တချို့ကိုပဲ ထည့်သွင်းပေးနိုင်တယ်လို့လည်းတချို့က ပြောကြပါတယ်။

သေချာတဲ သတင်းတစ်ခုက ဒီနှစ်နှောင်းပိုင်းမှာ Galaxy AI လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Chat Assist နဲ့ Live Translate မှာ ဘာသာစကားတွေ ပိုမို ထည့်သွင်းပေးမှာပါ။

Ref : gsmarena