Oxford Economics ဟာ “Huawei ရဲ့ စီးပွားရေးအပေါ်သက်ရောက်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ Huawei ရဲ့ ပံ့ပိုးမှုပါဝင်ခြင်း၊ ရှိမရှိကို မသိရပေမယ့် ဥရောပရဲ့ အလုပ်အကိုင်ဖန်တီးမှု၊ ဝင်ငွေတိုးမြှင့်ခြင်းဆိုင်ရာကဏ္ဍတွေမှာတော့ တရုတ်အခြေစိုက်ကုမ္ပဏီရဲ့ သက်ရောက်မှုတွေကို ထိုးထွင်းသိမြင်စေနိုင်တာတော့ အမှန်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဥရောပရဲ့ GDP အတွက် Huawei ရဲ့ ပတ်သက်မှုဟာ ယူရို ၁၆.၄ ဘီလီယံ အထိရှိခဲ့တာကတော့ အံ့အားသင့်စရာ ဖြစ်စေပါတယ်။ အဲဒီအချိန်အတောအတွင်း Huawei ဟာ ဖွံ့ဖြိုးကြီးထွားနေသလို၊ ဥရောပရဲ့အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂၄,၃၀၀ ကိုလည်း ဖန်တီးဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ဥရောပအာဏာပိုင်တွေအတွက် အခွန်ဘဏ္ဍာငွေ ယူရို ၆.၆ ဘီလီယံ ရရှိခြင်းကလည်း Huawei ဆီကပဲ ဖြစ်နေတာပါ။

အစီရင်ခံစာအရ Huawei ဟာ ဥရောပတစ်လွှား R&D ကဏ္ဍမှာလည်း တက်ကြွစွာနဲ့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ EU စက်မှုရင်းနှီးမြှုပ်နှံမှုညွှန်းကိန်းမှာ Huawei ဟာ ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး R&D ရင်းနှီးမြှုပ်နှံသူအဖြစ် အဆင့်သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။၂၀၁၉ ခုနှစ်အတွက် မူပိုင်ခွင့်လျှောက်ထားတဲ့အမှတ်တံဆိပ်တွေထဲမှာ Huawei က နံပါတ် ၁ ဖြစ်ခဲ့ကြောင်းလည်း ဥရောပမူပိုင်ခွင့်ရုံးက သတ်မှတ်ပေးခဲ့ပါတယ်။

“Huawei ကဆောင်ရွက်နေတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဟာ ဥရောပစီးပွားရေးရဲ့ ကုန်ထုတ်စွမ်းရည်တိုးမြှင့်ရေးအတွက် အလွန်အရေးကြီးတယ်” လို့ Wxford Economics က ဥရောပနဲ့အရှေ့အလယ်ပိုင်းစီးပွားရေးအကျိုးသက်ရောက်မှုအတိုင်ပင်ခံရဲ့ ဒါရိုက်တာ Pete Collings က ဆိုပါတယ်။  Huawei ဟာ ဥရောပမှာ နှစ်ပေါင်း ၂၀ လည်ပတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။

Ref: Gizmochina