Google ကနေ ပြီးခဲ့တဲ့လတုန်းက Android 11 Stable OS Update ကို Pixel စမတ်ဖုန်းတွေအတွက် အစောဆုံးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ OnePlus ဟာ OnePlus 8 Series ဖုန်းတွေဖြစ်တဲ့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေအတွက် Beta Program အနေနဲ့ Update စပြီး ပေးနေခဲ့ပါတယ်။

အခုအချိန်မှာတော့ Beta အနေနဲ့မဟုတ်တော့ဘဲ Android 11 OS ကို အခြေခံထားတဲ့ OxygenOS 11 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကလောလောဆယ်မှာ OnePlus 8 နဲ့ 8 Pro ဖုန်းတွေမှာပဲ အရင်ဆုံးရရှိဦးမှာဖြစ်ပြီး ကျန်တဲ့ OnePlus ဖုန်းတွေအနေနဲ့ကတော့ အချိန်စောင့်ဆိုင်းရဦးမှာပါ။

OnePlus ရဲ့ OxygenOS 11 Update ဟာ ယခင် OxygenOS တွေနဲ့ ယှဥ်ရင် User Interface ပိုင်းမှာ သိသိသာသာကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ Samsung ရဲ့ OneUI လိုမျိုး One Hand Usage အတွက် Optimized ပြုလုပ်ထားသလို Always-on Display လည်းပါဝင်လာပြီဖြစ်ပါတယ်။ ကျန်တဲ့ အဓိကပြောင်းလဲမှုတွေအနေနဲ့ကတော့ Weather App ၊ Game Space Feature ၊ Gallery App ၊ Zen Mode 2.0 နဲ့ Dark Mode ပိုင်း အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် OnePlus 8 နဲ့ 8 Pro အသုံးပြုနေတဲ့သူတွေအနေနဲ့ အခုအချိန်က စတင်ပြီးတော့ OxygenOS 11 Update ကို Updater ကနေတစ်ဆင့် Download ရယူနိုင်မှာဖြစ်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ OnePlus 7T Pro ၊ 7T ၊ 7 Pro ၊ 7 ၊ 6T ၊ 6 နဲ့ OnePlus Nord ဖုန်းတွေအကုန် Android 11 ကို အခြေခံထားတဲ့ OxygenOS 11 Update ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Ref – Gizmo China