NFT နယ်ပယ်ထဲ နောက်ဆုံး ဝင်ရောက်လာတဲ့ ဂီတပညာရှင်က Ozzy Osbourne ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး NFT Collection ဖြစ်တဲ့ CryptoBatz ကို ဖြန့်ချိနေပြီလို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Instagram ကနေ ကြေညာခဲ့ပါတယ်။

Ozzy Osbourne announces first foray into NFTs with 'Cryptobatz' collection

သူက “ ကျွန်တော် NFT စီမံကိန်း ၁ ခုကို ဖြန့်ချိနေပြီ ဖြစ်ပြီး မတူညီတဲ့ NFTs ၉,၆၆၆ ခု ပါဝင်ပါတယ်။ အဲဒီ NFT တွေကို ကျွန်တော့် Fans တွေ ဝယ်ယူနိုင်ပါပြီ။ “ လို့ Instagram က ပို့စ်မှာ ရေးသားထားပါတယ်။ “ CryptoBatz ဟာ NFT စုဆောင်းသူတွေနဲ့ Fans တွေ အသည်းစွဲကြိုက်ကြမှာ ဖြစ်ပြီး ကျွန်တော့်ရဲ့ စင်ပေါ် ဖျော်ဖြေမှုတွေထဲက အထင်ပေါ် အကျော်ကြားဆုံး ပုံရိပ်တွေကို  ဒီဇိုင်း ဖန်တီးထားပါတယ်။ အနုပညာ သမိုင်းကြောင်းမှာ အရှားပါးဆုံး ပုံရိပ်တွေကို ဝယ်ယူနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ “ လို့ သူက ပြောပါတယ်။

Ozzy Osbourne CRYPTOBATZ NFT Project Info | HYPEBEAST

Ozzy Osbourne ရဲ့ CryptoBatz NFT Collection ကို ဇန်နဝါရီလမှာ ရောင်းချဖို့ စီစဉ်ထားပြီး အဲဒီ Collection ကို NFT Studio Sutter Systems နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ CryptoBatz NFT ကို ဝယ်ယူထားသူတွေဟာ Bored Ape Yacht Club, SupDucks နဲ့ Cryptotoadz တို့နဲ့ NFT Mutation တွေ ဖန်တီးနိုင်တာက ထူးခြားပါတယ်။

Osbourne ဟာ နောက်နှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း AncientBatz NFT Collection ကိုလည်း ဖြန့်ချိမှာ ဖြစ်ပြီး CryptoBatz ဝယ်ယူထားသူတွေပဲ AncientBatz NFT Collection ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref : billboard