Panasonic ကနေ အခုအချိန်မှာ ဈေးနှုန်းအထူးသက်သာတဲ့ ဘတ်ဂျတ်စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Panasonic က Eluga I9 လို့ နာမည်ပေးထားပြီးတော့ အဆိုပါဖုန်းကို ယခု ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ စတင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အဆိုပါ Panasonic Eluga I9 ရဲ့ အဓိကအားသာချက်ကတော့ ဈေးနှုန်းပဲဖြစ်ပြီး ဒေါ်လာ ၁၁၆ နဲ့ စတင်ရောင်းချတာဖြစ်တဲ့အတွက် ဘတ်ဂျတ်ဖုန်းအမျိုးအစားတွေကြားထဲမှာ ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာတယ်လို့ ပြောလို့ရမှာပါ။

အဆိုပါ Panasonic Eluga I9 ဖုန်းမှာ 5″ HD 720p IPS Display ပါဝင်ပြီးတော့ MediaTek MT 6737 CPU ကို RAM 3GB, ROM 32GB နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ကင်ရာအနေနဲ့တော့ 13MP Back Camera နဲ့ 5MP Front Camera ပါဝင်ပြီး ကင်မရာ ၂ ဖက်စလုံးမှာ LED Flash ပါဝင်မှာဖြစ်ပါတယ်။

Panasonic Eluga I9 စမတ်ဖုန်းမှာ Battery အနေနဲ့ 2500mAh ပါဝင်မှာဖြစ်ပြီးတော့ အရောင်တွေအနေနဲ့ Space Gray, Champagne Gold နဲ့ Blue အရောင်တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။