Panasonic ရဲ့ ဒီဇိုင်းဆန်းတဲ့ Wearable Gaming Speaker ကို Gamer တွေ အသည်းစွဲသွားစေမှာ သေချာပါတယ်။ Panasonic GN01 လို့ နာမည်ပေးထားပြီး SoundSlayer လို့ ကုမ္ပဏီက တင်စားထားကာ လည်ပင်းမှာ ပတ်ထားရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ SoundSlayer WIGSS (Wearable Immersive Gaming Speaker System) ပါလာပြီး True MAGESS (Majestic Augmented Gaming Environment Sound System) က Game ထဲမှာ တကယ် စီးမျောနစ်ဝင်ပြီး ကစားနိုင်စေမှာ ဖြစ်ပါတယ်။

Panasonic က “ စွမ်းရည်မြင့် Speaker ၄ လုံး တပ်ဆင်ထားပြီး ဦးခေါင်းပတ်ဝန်းကျင်မှာ ၃၆၀ ဒီဂရီ အသံတွေကို ဖန်တီးပေးနိုင်ပါတယ်။ Gamer တွေဟာ ရှုထောင့်မျိုးစုံကနေ ထွက်ပေါ်လာတဲ့ အသံတွေကို ခံစား ကစားနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။ Gamer တွေ အချင်းချင်း ဆက်သွယ်ရာမှာ ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးတဲ့ Noise-canceling Microphone ၁ စုံ ထည့်သွင်းထားပြီး Final Fantasy XIV Online အတွက် Tune လုပ်ထားတဲ့ Mode ၁ ခုလည်း ပါပါတယ်။

Panasonic launches its wearable speaker GN01, for video games and that is placed on the shoulders

GN01 ကို ဖန်တီးထားတဲ့ အိုင်ဒီယာက တော်တော်မိုက်ပါတယ်။ Gamer တော်တော်များများမှာ အရည်အသွေးမြင့်တဲ့ Surround Sound ကို ပံ့ပိုးပေးတဲ့ Speaker တွေ မရှိကြဘဲ နားကြပ်တွေ၊ Soundbar တွေကနေ ထုတ်လုပ်တဲ့ Virtual Surround Sound ကိုပဲ ခံစား ကစားနေကြရတာပါ။ အဲဒီ ပြဿနာကို Panasonic ရဲ့ GN01 က ဖြေရှင်းပေးနိုင်ပါတယ်။

Panasonic က အောက်တိုဘာလမှာ ၁၉၉.၉၉ ဒေါ်လာနဲ့  ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၃ သိန်း ၃ သောင်းလောက် ကျသင့်နိုင်ပါတယ်။ ဒီလိုမျိုး ထုတ်ကုန်မျိုးကို ဖန်တီးတာ Panasonic က အစောဆုံးတော့ မဟုတ်ပါဘူး။ Sony ကလည်း ၂၀၁၈ ခုနှစ်မှာ Wearable Speaker System ကို မိတ်ဆက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Ref : theverge