ChatGPT ကို ပိုင်ဆိုင်တဲ့ OpenAI ကုမ္ပဏီက သူတို့ရဲ့ နာမည်ကြီး AI လက်ထောက်အတွက် မိဘထိန်းချုပ်မှုစနစ်တွေကို “လာမယ့်တစ်လအတွင်းမှာ” မိတ်ဆက်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။  ChatGPT နဲ့ တခြား chatbot တွေဟာ ဆယ်ကျော်သက်တွေကြား ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမှု ဒါမှမဟုတ် သတ်သေမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ကြေညာလိုက်တာပါ။

The ChatGPT app is seen on August 2, 2023.

အဲဒီထိန်းချုပ်မှုစနစ်တွေမှာ မိဘတွေက သူတို့ရဲ့ account ကို ဆယ်ကျော်သက်သားသမီးတွေရဲ့ account နဲ့ ချိတ်ဆက်နိုင်တာ၊ ChatGPT က ဆယ်ကျော်သက်တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စီမံခန့်ခွဲနိုင်တာ၊ မှတ်ဉာဏ်နဲ့ စကားပြောမှတ်တမ်းလိုမျိုး feature တွေကို ပိတ်ထားနိုင်တာနဲ့ အသုံးပြုနေချိန်မှာ စနစ်က “စိတ်ဖိစီးမှုလွန်ကဲနေတဲ့ အခိုက်အတန့်” ကို သိရှိတဲ့အခါ မိဘတွေကို အသိပေးတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ OpenAI က ဒီစနစ်ကို လုပ်ဆောင်နေတယ်လို့ အရင်က ပြောခဲ့ဖူးပေမယ့် အင်္ဂါနေ့မှာတော့ ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာကို အတိအကျ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Here's how ChatGPT parental controls will work, and it might just be the AI  implementation parents have been waiting for | TechRadar

ဒီကြေညာချက်ဟာ အသက် ၁၆ နှစ်အရွယ် Adam Raine ရဲ့ မိဘတွေက ChatGPT ဟာ သူတို့သားကို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အကြံပေးခဲ့တယ်လို့ စွပ်စွဲပြီး OpenAI ကို တရားစွဲဆိုခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မနှစ်ကလည်း ဖလော်ရီဒါက မိခင်တစ်ဦးဟာ သူ့ရဲ့ ၁၄ နှစ်အရွယ်သား သတ်သေမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Character.AI ကို တရားစွဲဆိုခဲ့ပါသေးတယ်။

OpenAI ဟာ သူတို့ရဲ့ မိဘထိန်းချုပ်မှုစနစ်သစ်ကို အဲဒီသတင်းတွေနဲ့ တိုက်ရိုက်ဆက်စပ်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

Ref : cnn