ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုပလက်ဖောင်းတစ်ခုဖြစ်တဲ့ PayPal Holding Inc တရုတ်ဈေးကွက်ထဲကို ဝင်ရောက်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် PayPal ဟာ တရုတ်က Payment platform တွေထဲမှာ ၁၀၀% ထိန်းချုပ်ခွင့်ရတဲ့ ပြည်ပအော်ပရေတာတစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ လျှင်လျှင်မြန်မြန်တိုးတက်ပြောင်းလဲနေတဲ့ အွန်လိုင်းငွေပေးချေမှုဈေးကွက်မှာ ပိုပြီးအခြေခိုင်ဖို့၊ ပိုပြီးခြေကုပ်ယူနိုင်ဖို့အတွက် ဧရာမခြေလှမ်းတွေကို စတင်နေတာဖြစ်ကြောင်း တရုတ်အစိုးရက မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိနိုင်ပါတယ်။

National Enterprise Credit Information Publicity System ရဲ့ အစုရှယ်ယာရှင်အချက်အလက်တွေအရ PayPal ဟာ ပြီးခဲ့တဲ့နှစ်တုန်းက GoPay payment platform ရဲ့ ကျန်ရှိ ၃၀% ကိုဝယ်ယူလိုက်ခြင်းအားဖြင့် အပြီးသတ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီအရောင်းအဝယ်နဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကိုတော့ သဘောတူညီချက်ကြောင့် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒီအပြီးသတ်ဝယ်ယူမှုဟာ PayPal ရဲ့ တရုတ်ပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်မှုကို စတင်လိုက်တဲ့ခြေလှမ်းဖြစ်ပါတယ်။ အဓိကယှဉ်ပြိုင်ရမှာကတော့ Alipay နဲ့ WeChat Pay တို့လို တရုတ်ပြည်တွင်းက ဟဲဗီးဝိတ်တွေနဲ့ ဖြစ်ပါလိမ့်မယ်။ PayPal ရဲ့ ဝယ်ယူမှုဟာ ပေကျင်းအစိုးရရဲ့ စီးပွားရေးကဏ္ဍလက်ဝါးကြီးအုပ်မှုတားဆီးခြင်း မူဝါဒကြောင့်လည်း ဖြစ်နိုင်ပါတယ်။

PayPal အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ၊ ကုန်သည်နဲ့စားသုံးသူတွေရဲ့ နယ်နိမိတ်ဖြတ်ကျော်ငွေပေးချေခြင်းတွေကို ဖြေရှင်းမှုပေးဖို့နဲ့၊ သူ့ရဲ့ဖောက်သည်တွေကို ချောမွေ့စွာနဲ့ဝန်ဆောင်ပေးဖို့အပြင်၊ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်ဖြန့်ကျက်မှုအပေါ်မှာ အာရုံစိုက်လာမယ်လို့ ယုံကြည်ရပါတယ်။ တရုတ်ပြည်တွင်းအွန်လိုင်းငွေပေးချေမှုဈေးကွက်ထဲမှာ နာမည်ကြီးပြီး ယုံကြည်မှုခိုင်မာပြီးသားတွေလည်း ရှိနေတာကြောင့် PayPal အနေနဲ့ ခက်ခဲတဲ့ယှဉ်ပြိုင်မှုကို ကြုံတွေ့ရမှာ အသေအချာပဲ ဖြစ်ပါတယ်။

Ref: Gizmochina