ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်ကြောင့် လူသားချင်းစာနာတဲ့ အကူအညီအနေနဲ့ PayPal ဟာ ယူကရိန်းမှာ ဝန်ဆောင်မှုတွေကို အခမဲ့ပြုလုပ်ပေးလိုက်ပါတယ်။ ယူကရိန်း ပြည်သူတွေဟာ PayPal သို့မဟုတ် Xoom Payment ကနေ ငွေပေး၊ ငွေယူ ပြုလုပ်နိုင်ပြီ ဖြစ်ပြီး ငွေပေးသူဘက်ကရော၊ လက်ခံသူဘက်ကနေပါ PayPal က ဝန်ဆောင်ခ မယူတော့ပါဘူး။

PayPal" in Ukraine - GTInvest

PayPal က ယူကရိန်း ပြည်သူတွေဟာ အကောင့်တွေကနေ Mastercard နဲ့ Visa Card တို့ကို ငွေ လွှဲပြောင်းနိုင်ပြီလို့ ပြောပါတယ်။ နိုင်ငံခြားကို ထွက်ပြေးနေသူတွေဟာ ယူကရိန်း PayPal အကောင့် ဖွင့်ထားရင် အဲဒီ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။ ယူကရိန်း ပြည်သူတွေဟာ အမေရိကန်နဲ့ ကနေဒါ ဒေါ်လာ၊ ဗြိတိန် ပေါင်နဲ့ ယူရိုတွေကို အလှူငွေ အဖြစ် လက်ခံနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

PayPal က ဝန်ဆောင်ခ မယူတဲ့ စည်းမျဉ်းဟာ အချိန်ကာလ ကန့်သတ်ချက် ရှိပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင်အထိပဲ အကျုံးဝင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းမှာ အခြေအနေတွေ မတည်ငြိမ်တဲ့အတွက် ကုမ္ပဏီဟာ စည်းမျဉ်းတွေကို အချိန်မရွေးပြောင်းလဲနိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

ယူကရိန်း ဒုတိယဝန်ကြီးချုပ်နဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီး Mykhailo Fedorov ဟာ ယူကရိန်းကို ကူညီဖို့ နဲ့ ရုရှားမှာ ဝန်ဆောင်မှုတွေ ရပ်နားဖို့ နည်းပညာ ကုမ္ပဏီတွေကို တက်ကြွစွာ တိုက်တွန်းနေပါတယ်။ သူဟာ အရင်ကလည်း ယူကရိန်းမှာ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးဖို့ PayPal ကို တွစ်တာကနေ တောင်းဆိုဖူးပါတယ်။

ယူကရိန်းရဲ့ တောင်းဆိုမှုကို နည်းပညာ ကုမ္ပဏီတွေက လိုက်လျောပေးနေကြပြီး PayPal ဟာ ရုရှားမှာ ဝန်ဆောင်မှုတွေကို ဒီလ အစောပိုင်းက ရပ်နားခဲ့ပါတယ်။

Ref : theverge